Unicode
25.4.2021
Jungkook...
Yoongi hyung....
Jinhyungရဲ့စိုက်ခင်းထဲ တစ်ကိုယ်တည်းရေလောင်းနေတုန်း ခေါ်သံကြောင့်လှည့်ကြည့်မိတော့ Yoongi hyung...
ဒဏ်ရာတစ်ချို့နဲ့အတူမြင်တွေ့ရတာကြောင့် သူလန့်သွားမိသည်.
ဘယ်လိုဖြစ်တာလဲHyung. သွေးတွေနဲ့ အရင်ဆုံး ရွာထဲကဆေးခန်း
အချိန်မရှိဘူးJungkook.. ငါတို့ခုသွားရမယ်.
ဘယ်ကိုလဲHyung.
ခုသွားမှဖြစ်မယ်Jungkook
ဘာကြောင့်သွားရလဲဘယ်နေရာလဲဆိုတာမပြောဘဲသူ့လက်အားအတင်းဆွဲခေါ်နေတဲ့Hyungကြောင့် လက်ကိုရုန်းလိုက်တော့ အားသိပ်မရှိတဲ့Yoongi hyungလက်ထဲကအသာလွတ်သွားသည်.
Yoongi hyungဘယ်ကိုလဲ ကျွန်တော်ကဘာလို့သွားရမှာလဲ.
နန်းတော်ကို.. ထီးနန်းဆက်ခံဖို့..
ကျွန်တော်မလိုက်နိုင်ဘူးHyung.. အစထဲကကျွန်တော်အဲ့ကိုပြန်မသွားဖို့ပြောခဲ့ပြီးပြီဘဲ..
Jungkookခေါင်းမမာနဲ့ ခုချိန်သွားမှမှီမှာ.. မနက်ဖြန်သူတို့နန်းတင်ပွဲမစခင်ငါတို့ ဦးအောင်ရောက်နေဖို့လိုတယ် .
ဟက် နန်းတင်ပွဲနဲ့ကျွန်တော်နဲ့ဘာမှမဆိုင်ဘူးထင်တယ်Hyung.
ကျစ်.. ရော့.. ဒီစာကိုဖတ်ပြီးရင်တော့မင်းဆုံးဖြတ်ချက်ပြင်ဖို့ငါမျှော်လင့်တယ်
ဘာစာမို့လို့လဲ
ကိုယ်တိုင်ဖတ်ကြည့်ပေါ့..
.... ဒါ. ဒါဆို..
ဟုတ်တယ်Jungkook. မင်းကြီးကော Jeonမင်းသားကောလုပ်ကြံခံရတယ်.. နန်းတွင်းလဲသွေးချောင်းစီးနေပြီ. မနက်ဖြန်အမတ်ချုပ်ကင်မ်နန်းတက်ပြီး ထယ်ယောင်းကို အိမ်ရှေ့စံဘွဲ့ပေးလိမ့်မယ်.. သူတို့နန်းပေါ်မရောက်ခင် ငါတို့ကဦးအောင်ရောက်နေဖို့လိုတယ်.
ဒါမဲ့.
မင်းကြီးက ဒီလိုတွေမတိုင်ခင်ချိန်ကတည်းက အိမ်ရှေ့စံချီးမေ့ှာက်တဲ့ဘွဲ့မှာ တော်ဝင်တံဆိပ်တုံးနှိပ်ပြီးပြီ ဘယ်လိုဘဲ နန်းတော်တစ်ခုလုံးကသူတို့လပ်ခုပ်ထဲက ရေဖြစ်နေပါစေ. တော်ဝင်တံဆိပ်တုံးပါတဲ့ ဒီသက်သေ ကိုသူတို့ရှောင်လွှဲလို့မရဘူး နောက်ပြီး မင်းမျက်နှာမြင်ရင်လဲ အားလုံးကJeonမင်းသားလို့ဘဲလက်ခံကြမှာ ပြည်သူတွေကစ... ဒီလိုဖြစ်မှာစိုးလို့လဲ မင်းသားမျက်နှာကိုအဲ့နေ့ကတိုင်းသူပြည်သားတွေမှတ်မိဖို့ တိုင်းလှည့်လည်စေခဲ့တာ..
![](https://img.wattpad.com/cover/243546861-288-k448789.jpg)
YOU ARE READING
"TWO OR ONE" [Uni & Zaw]
Historical FictionJJK💫 PJM 🌫️Own Creation🌫️ Start ★27.10.2020★ End ★ 4.5.2021★