🍂4🍂

2.1K 312 12
                                    

Unicode

12.11.2020

ကတိပေးခဲ့ပေမဲ့.. မတည်နိုင်ခဲ့ပေ....
နောက်နှစ်တွေ... မသွားတော့တဲ့အဖေ့ကြောင့်.. သူလဲမတတ်နိုင်ခဲ့.. တစ်ယောက်ထဲသွားဖို့ကျလဲ ငယ်ရွယ်သေးတဲ့သူ့အဖို့... မလွယ်ကူ.. နောက်ပြီး ခွင့်မပြုတဲ့အဖေ့ကြောင့်လဲပါတာပေါ့....

ကူးရဲ့အကြောင်းသိချင်လို့ အဖေ့ကိုမေးခဲ့ရင်လဲ အမြဲမဖြေဘဲတိတ်ဆိတ်လျက်ရှိသည်... ဒီနှစ်နဲ့ဆို... ၁၀နှစ်ရှိလေပြီ... ကူးနဲ့မတွေ့ရတာ. ... ဒီချိန်ဆို ကူးလဲ.. ၁၅နှစ်တောင်ရှိလို့ အရွယ်တောင်ရောက်နေလောက်ပြီပေါ့.. အကိုဆော့ဂျင်လဲ သူဌေးကြီးများဖြစ်နေပြီလား ဒါမှမဟုတ် အရင်လိုကလေးဆန်ဆန်ဘဲနေနေတုန်းလား.. ဟိုဆော့ဟျောင်းကော.. ဆေးပညာတွေတော်တော်တတ်နေပြီလား.. စသဖြင့် သူအမြဲတွေးနေမိသည်. မမြင်ရတဲ့နှစ်တွေအတွင်း ဘာတွေပြောင်းလဲသွားလဲဆိုတာလဲသိချင်သည်...

သူကတော့ စာပေကိုသာလေ့လာနေတုန်းပင်... ဥာဏ်ကောင်းပြီးထက်မြတ်တဲ့သူ့အဖို့.. တခါတရံ.. ပြည်သူတွေကြားမှာဖြစ်ပျက်နေတဲ့ အမှုကိစ္စလေးတွေကိုဆောင်ရွက်ပေးသည်. သူဆောင်ရွက်တဲ့ကိစ္စတိုင်းလဲ မအောင်မြင်တာမရှိ... ဒါကြောင့်ပြည်သူတွေကြားထဲ သူ့အားမသိတဲ့သူမရှိသလောက်ပင်... နောက်ပီး.. သူ့အား ပညာရှိဆရာအသေးလေးတဲ့... ပညာရှိဆရာလို့ခေါ်တာကြိုက်ပေမဲ့ အနောက်က အသေးလေးပါတာကိုတော့သဘောမတွေ့...

လူကသာ၁၈နှစ်ပြည့်နေပေမဲ့... ခန္ဓာကိုယ်က အသက်နဲ့မလိုက်အောင်သေးကွေးလွန်းနေသည်.. လွန်ခဲ့တဲ့သုံးနှစ်လောက်ထဲက ဒီခန္ဓာကိုယ်အချိုးအစားက ခုထက်ထိ ဒီတိုင်းပင်... အသေးလေးဆိုလို့ ကူးကိုလဲသတိရမိပြန်သည်... ကူးကော အရွယ်ရောက်ပြီးထွားလာပြီလား ဒါမှမဟုတ်. သူ့လိုသေးသေးလေးဘဲလား...

Hs:အကိုဆော့ဂျင် ငိုနေပြန်ပီလား
Jin:ဒီဂျောင်ကု.... ငါ့ရဲ့ပိုက်ဆံတွေကိုယူသွားတာမလား တွေ့မယ် မိလို့ကတော့
Hs:အကိုကလဲ မသေချာဘဲ... မစွပ်စွဲပါနဲ့ကလေးကို..
Jin:ဘာကလေးလဲ... တော်တော်တရားလွန်နေပြီ.. ဟိုတစ်ခါတုန်းကလဲ... ဆန်အရက်သောက်ဖို့ဆိုပြီးခိုးသွားတာ
Hs:ဘာ..
Jin:အာ လန့်လိုက်တာ
Hs:ဒီကလေး အသက်ကဖြင့် ငယ်ငယ်လေးနဲ့ ဆန်အရက်ဟုတ်လား.  ဦးလေးကြီးတို့ကမဆူဘူးလား

"TWO OR ONE" [Uni & Zaw]Where stories live. Discover now