Unicode
27.11.2020
Jimin. ရွာထဲကသူကြီးအိမ်မှာဖြစ်သည်.... ရွာသူရွာသားတွေရဲ့ ပြသနာအရပ်ရပ်ကို ဖြေရှင်းဖို့ လုပ်နေရပေမဲ့ အတွေးထဲမှာတော့ မနက်ကကြားခဲ့တဲ့စကားတွေကိုသာ ပြန်လည်ကြားယောင်နေသည်...
မနက်က အကိုyoongiနဲ့ကူးတို့ပြောနေတာကိုသူကြားခဲ့သည်... ခေါင်းထဲမှာလဲ ကူးကဘယ်သူလဲဆိုတာ တွေးနေမိသည်.ဒီမလာခင်. အဖေဖြစ်သူနဲ့မင်းကြီး တစ်ခုခုတိုင်ပင်နေတာသိပေမဲ့ သူ့ကိစ္စမဟုတ်တာကြောင့် ဖာသိဖာသာ နေခဲ့သည်...
ကူးကဘယ်သူလဲဆိုတာကို အကိုyoongiကတော့ ကျိန်းသေပေါက်သိလိမ့်မည်.... မေးလိုက်ရမလား ဒါမှမဟုတ် စောင့်ကြည့်ရမလား... များစွာသောအတွေးတွေက လူကိုနှိပ်စက်စေသည်...
Jimin...
ဘေးက ထယ်ယောင်းရဲ့ခေါ်သံကြောင့် အတွေးထဲကနေ လွတ်မြောက်လာသည်..အင်း...
ဘာတွေတွေးနေတာလဲ...
ဒီလိုပါဘဲ..
ငါ့အထင်... ဒီပြသနာမှာ ယောကျ်ားဖြစ်သူကမှားတယ်လို့ထင်တယ်
အင်း ငါလဲအဲ့လိုထင်ပေမဲ့ ယောကျ်ားဖြစ်သူက ဒီရွာကမဟုတ်ဘူး. နောက်ပြီး.. မောက်မာနေတာ... သူ့ကိုဖြောင်းဖျဖို့တော့ခက်လိမ့်မယ်.
အင်း... ဟုတ်တယ်သူတို့ဖြေရှင်းရမဲ့ ပထမပြသနာက လင်မယားပြသနာပင်... တစ်ရွာသားနဲ့ညားတဲ့ ဒီရွာက.. မိန်းမက.. ယခုအခါမှာတော့ ယောကျ်ားဖြစ်သူရဲ့ နှိပ်စက်မှုကိုခံနေရသည်... ဒါကို မိန်းမဖြစ်သူကလဲ ကြိတ်မှိတ်နေခဲ့သည်. ဒီတခါတော့.. သည်းမခံနိုင်ကြောင်းပြော၍ သူကြီးကိုတိုင်ကြားခြင်းဖြစ်သည်..
သူတို့ကလဲ ဒီရွာကပြသနာတွေဖြေရှင်းဖို့ မင်းကြီးလွှတ်လိုက်တာဆိုတော့.. တာဝန်ယူဖြေရှင်းရတာပေါ့.. သူနဲ့ ထယ်ယောင်းနဲ့က ကိစ္စအရပ်ရပ်ကိုဖြေရှင်းရသည်.. အကိုနမ်ဂျွန်ကတော့ ထယ်ယောင်းကို စောင့်ရှောက်ဖို့သက်သက်သာ..
ဒါနဲ့ အကိုဟိုဆော့ကိုမတွေ့ဘူးနော်..
အင်း သူက... ဒီချိန်ဆို တောင်ပေါ်သွားပြီး ဆေးသွားတူးတာ.
ဘာလုပ်ဖို့လဲ
ဆေးဖော်ဖို့လေ.. အကိုဟိုဆော့က ငယ်ငယ်ထဲက ဆေးပညာဝါသနာပါတာကွ... ငါငယ်ငယ်ကမှတ်မိသေးတယ်.. ချော်လဲရင်းအကိုဟိုဆော့နဲ့ တွေ့ခဲ့တာဘဲ..
YOU ARE READING
"TWO OR ONE" [Uni & Zaw]
Ficción históricaJJK💫 PJM 🌫️Own Creation🌫️ Start ★27.10.2020★ End ★ 4.5.2021★