🍂12🍂

1.9K 288 14
                                    

Unicode

16.4.2021


မင်းသားအခြေနေဘယ်လိုလဲ..

တဖြေးဖြေး ရောဂါကထူးဆန်းလာပါတယ်မင်းကြီး... တစ်နည်း အရေပြားရောဂါလို့လဲပြောလို့ရပါတယ်..

ဟင်းးးး ဒီကိစ္စကိုလျှို့ဝှက်ထားဖို့ တောင်းဆိုပါတယ်သမားတော် ဆွန်း...

အမိန့်ရှိတိုင်းပါမင်းကြီး..

သမားတော်ဆွန်းထွက်သွားတော့ သူသက်ပြင်းအသာချမိသည်. ဒီပုံစံတိုင်းဆို သားတော်ရဲ့ကျန်းမာရေးက တဖြေးဖြေးဆိုးလာလေပြီ နတ်ဆရာမဟောကြားချက်အရ.. ထီးနန်းဆက်ခံမဲ့သူဟာ... ပညာရေးအမတ်.Park လျှို့ဝှက်ပေးထားတဲ့ သားတော်ဖြစ်လောက်သည်..

ကိုယ်ရံတော်Min. ပညာရေးအမတ်Parkကို.. မနက်ဖြန်လာတွေ့ဖို့ ပြောလိုက်ပါ.

~~

မင်းကြီး ဆင့်ခေါ်တယ်ဆိုလို့ပါ...

လျှို့ဝှက်ထားတဲ့ သားတော်ကို.. ကြိုတင်ခေါ်ဆောင်ထားဖို့လိုပြီ... ဒီကသားတော်ရဲ့.. ကျန်းမာရေးက.. ပြောမရတော့ဘူး ဖခင်တစ်ယောက်အနေနဲ့ ဘာမှမလုပ်ပေးနိုင်တာ... အတော်စိတ်ဆင်းရဲရပါတယ်.

မပူပါနဲ့မင်းကြီး.... ကျွန်တော်မျိုးစီစဥ်လိုက်ပါ့မယ်..

တစ်ဖက်တွင်..

အရေပြားရောဂါတဲ့လား ဟက်...

လာပြောပြပေးလို့. ဆုလာဘ်ဆောင်တွေ မင်းမိသားစုဆီပို့လိုက်မယ်. သွားလို့ရပြီ သမားတော်ဆွန်း..

ဘယ်ချိန်ထိဖုံးကွယ်ထားနိုင်မှာမလို့လဲ... စိတ်မပူပါနဲ့ မင်းကြီးကော... ကံဆိုးလှတဲ့မင်းသားကိုကော ကောင်းကောင်းမွန်မွန်နဲ့... နောက်ဘဝကို.. ကူးစေမှာပါ ဟားဟား...

~~2 OR 1~~~

Namjoonရား.. နေမကောင်းဘူးလား

ကောင်းပါတယ်...

ဆိုပီး. နဖူးပေါ်စမ်းနေတဲ့ အကိုဆော့ဂျင်လက်အား အသာရုန်းလိုက်သည်..

အာ.. ငါကမင်းမှိုင်နေတော့ နေမကောင်းလို့များလားလို့. ငါသွားတော့မယ်နော်... အမေခိုင်းထားတာရှိလို့.

"TWO OR ONE" [Uni & Zaw]Where stories live. Discover now