Unicode
28.1.2021
ဒီနေ့မှာတော့ မူမမှန်တာ တစ်ခုခုခံစားမိနေတာကြောင့် Jungkookနဲ့Yoongiနောက်ကို Namjoonတိတ်တဆိတ်လိုက်သွားဖို့ပြင်သည်..
အမြဲလိုလို ၂ယောက်ထဲပျောက်ပျောက်သွားတတ်တာကြောင့် သူမသင်္ကာတော့..အရင်နေ့တွေထဲက လိုက်ချောင်းဖို့ လုပ်ပေမဲ့ ညီငယ်ထယ်ယောင်းအားစိတ်မချလို့သာ မသွားဖြစ်... စိတ်ချစရာလဲရှိမှမရှိကို ရွာသူကြီးသား ဂျောင်ဟိုဆော့က.. ထယ်ယောင်းကို အကြည့်နဲ့တင် အမဲဖြတ်နိုင်သလိုလို ဒါကိုဘဲ ညီဖြစ်သူကလဲ သာယာနေပုံပေါ်သည်..
ထုံးစံအတိုင်း... Jimin Seokjin Hoseokနဲ့Taehyungက ရွာထဲသို့ကိစ္စရှင်းဖို့သွားကြလေပြီ.. သူကတော့နောက်မှလိုက်လာမည်ဟုပြောကာ... သူ့အကြံစည်အားအကောင်ထည်ဖော်ဖို့ပြင်သည်..
မကြာပါ.. jungkookနဲ့Yoongi. ၂ယောက်. ထွက်သွားလေသည်.. သူတို့ရဲ့မနီးမဝေးကနေ ကပ်လိုက်လာလိုက်တာ.. နောက်ဆုံး သစ်ရွက်ခြောက်တက်နင်းမိတာကြောင့်.. သတိကြီးတဲ့ yoongiမမြင်အောင် ပုန်းလိုက်ပေမဲ့.. Yoongiက တဖြေးဖြေး အနောက်သို့ လှည့်လာလေပြီ.
ထိုချိန်... ဘေးဘက်ချုံပုတ်ထဲမှ လက်တစ်ဖက်ထွက်လာကာ သူ့အားဆွဲပြီး ပါးစပ်အားအုပ်ထားလေသည်.
နောက်ကတစ်ယောက်ယောက်လိုက်လာသလို ခံစားမိတာကြောင့်ကော အသံကြားတာကြောင့်ကော Yoongiမသင်္ကာတာနဲ့ အနောက်သို့လှည့်လာလိုက်သည် သို့ပေမဲ့ ဘယ်သူဘယ်ဝါမှမတွေ့တာကြောင့် ရှေ့ဆက်ဖို့သာပြင်ရသည်..
Yoongiတို့ထွက်သွားတော့..
အု...ဟင် အကိုဆော့ဂျင်.
နမ်ဂျွန် မင်းကိုငါက တည်တည်ငြိမ်ငြိမ်နဲ့မစပ်စုတတ်ဘူး ထင်တာ. ခုငါတို့ဆီမလာဘဲ. Yoongiနောက်လိုက်နေရတယ်လို့ မဟုတ်မှ. မင်းက..
Na.. Nae?
မင်း Yoongiကိုကြိုက်နေတာလား.
အာ မဟုတ်ပါဘူး.
တော်ပါသေးရဲ့..
YOU ARE READING
"TWO OR ONE" [Uni & Zaw]
Historical FictionJJK💫 PJM 🌫️Own Creation🌫️ Start ★27.10.2020★ End ★ 4.5.2021★