🍂18🍂

1.8K 268 8
                                    

Unicode

30.4.2021


ကျွန်တော်လက်မခံနိုင်ဘူးအဖေ.. ဘယ်လိုမှ မဖြစ်နိုင်ဘူး

ဒါမင်းအမိန့်ဘဲသား. မင်းလွန်ဆန်လို့မရဘူး

ဟင့်အင်း.. ကူညီပါအဖေ ကျွန်တော့မှာချစ်သူရှိနေပြီ သူကလဲမျှော်နေလိမ့်မယ် တခါမှမမြင်ဖူးမသိဖူးတဲ့ မင်းကြီးနဲ့တော့ မယူပါရစေနဲ့

Jimin.. သားငယ်ငယ်ကဘဲ ယခင်မင်းကြီးရှေ့မှာ ကြင်ယာတော်ဖြစ်ချင်ကြောင်းပြောခဲ့ဖူးတယ်မလား

အဲ့ဒါငယ်ရွယ်တုန်းကအဖေ ခုက..

တော်‌တော့Jimin.. ညနေနန်းတွင်းကဝေါယာဥ်ရောက်လာမှာမို့. အကုန်ပြင်ဆင်ထား

အဖေ....

Hyungဘယ်လိုလုပ်ရမလဲ Koo...

မင်းကြီး..

Hyungကငြင်းနေတယ်တဲ့လား

Jungkookမှန်းမသိလို့နေမှာပါ... ၂ယောက်ထိပ်တိုက်တွေ့မှ..

လျှို့ဝှက်ထားဦးမယ်...

....

ဒီကိစ္စကိုအရင်လျှို့ဝှက်ထားရမယ်... ဖခမည်းတော်နဲ့ အကိုတော်ကိစ္စပြီးမြောက်မှ Hyungကိုအသိပေးရအောင်

ဒီအတောတွင်းJiminကရိပ်မိသွားရင်ကော.

မရိပ်မိအောင်သတိနဲ့နေတာပေါ့

ပြောသာပြောရတယ် သူကိုယ်တိုင်တောင်Hyung..ရှေ့ရောက်သွားရင်ဘယ်လိုပုံဖြစ်နေမလဲ.. တခါထဲမရိပ်မိသွားအောင် အစွမ်းကုန်ဟန်ဆောင်ဖို့တော့လိုတယ်...

~~

Hyung... ဖြစ်ပါ့မလား

အလကားနေစိုးရိမ်မနေပါနဲ့ယောင်းငယ်.. ဒါမင်းအမိန့်ဘဲ Hyungတို့ငြင်းပယ်လို့မရဘူး..

ဒီကိစ္စကHyungတွက်လဲအန္တရာယ်မကင်းဘူး..

ဘာမှမပူပါနဲ့..

ဟူး.. မင်းကြီးကအရင်မင်းကြီးလုပ်ကြံမှုကိုသိထားပုံ ပေါ်တယ် ဒါကြောင့်လဲစစ်ဆေးတာ. အဖေလုပ်တယ်ဆိုတာသိလို့လဲ Hyungကိုစစ်ဆေးရေးနေရာပေးတာ.. သက်သေမရှိလို့သာဖမ်းလို့မရသေးတာ.. မဟုတ်ရင် အဖေဖမ်းခံနေရလောက်ပြီ..

"TWO OR ONE" [Uni & Zaw]Where stories live. Discover now