အပိုင်း ၂၇ (အတိတ်သို့ခရီးသွားခြင်း -၉)

2.8K 139 19
                                    

#Zawgyi

နှလုံးသားဖြူဖြူ

~~~ အတိတ်သို့ခရီးသွားခြင်း-၉ ~~~

"ဒီမှာ CCTV မှတ်တမ်း Yanli တို့အခန်းထဲက ထွက်လာတဲ့အချိန် Xiao Zhan လက်ထဲ ဝိုင်ပုလင်းအပြင် ဘာပစ္စည်းမှပါမလာခဲ့ပါဘူး အကျီထဲ ဖွက်ယူလာတယ်ဆိုရင်လဲ Xiao Zhan က Yanliတို့အခန်းကအထွက် ဘယ်နေရာမှမဝင်ခဲ့ဘဲ ကျွန်တော်တို့စုပြီးကစားနေကြတဲ့အခန်းထဲ တန်းတန်းမတ်မတ်လာခဲ့တာပါ"

"ဒါတွေက………"

"ကျွန်တော်တို့အချိန်အတော်ကြာအောင်ဆက်ပြီးဆော့ဖြစ်တယ် ဝိုင်သောက်ပြီးကကြခုန်ကြတယ် အကယ်၍ Xiao Zhan လက်ထဲ အဲဒီပစ္စည်းတွေသာပါလာခဲ့ရင် အဲအခန်းထဲမှာရှိတဲ့လူတိုင်းသတိမထားမိစရာကိုမရှိဘူး အခန်းက ပြန်အထွက်မှာလဲ သူအပေါ်ဝတ်အကျီကို ချွတ်ပြီးလက်ကပိုက်ပြီးပြန်ခဲ့တာ ဆရာလဲ မြင်မှာပါ"

Organizer ဆရာက CCTV ကိုအသေအချာကြည့်ပြီးခေါင်းတညိတ်ညိတ်လုပ်နေသည်။

"ဒါဆို Xiao Zhan ခိုးတာမဟုတ်ဘူးပေါ့ ဒါပေမဲ့ ဘာဖြစ်လို့ သူက ခိုးတယ်ဆိုပြီးပြောရတာလဲ"

"ကျွန်တော့ကြောင့်ပါ ကျွန်တော်မကောင်းတာပါ"

"ဘာရယ်……"

"အဲဒီကျောပိုးအိတ်က Xiao Zhan အိတ်မဟုတ်ပါဘူး ကျွန်တော့အစား ဝင်ပြောပေးတာပါ Xiao Zhan က အဲလိုအကျင့်စာရိတ္တပျက်ပြားတဲ့သူမဟုတ်ဘူး အမှန်က အဲဒီအိတ်က ကျွန်တော့အိတ်ပါ ဒါပေမဲ့ ကျွန်တော်လဲ မခိုးခဲ့ပါဘူးဆရာ"

"ဒါကတော့ သက်သက်တစ်မှုဖြစ်သွားပြီ Xiao Zhan မခိုးခဲ့ဘူးဆိုတာ သက်သေရှိသွားပေမဲ့ မင်းမခိုးခဲ့ဘူးဆိုတာကတော့ သက်သေမရှိဘူးလေ"

"ကျွန်တော်သိပါတယ် ကျွန်တော့မှာလက်ဆုပ်လက်ကိုင်ပြစရာသက်သေမရှိပါဘူး ကျွန်တော်လဲ Yanli တို့အခန်းထဲဝင်ခဲ့ပေမဲ့ သူတို့ပစ္စည်းတွေကို နည်းနည်းလေးတောင်မထိခဲ့ပါဘူး ဒါပေမဲ့ Xiao Zhan နဲ့မတူတာက အဲဒီအချိန်က ကျွန်တော် ဆေးလိပ်အရမ်းသောက်ချင်တာနဲ့ အခန်းထဲဆေးလိပ်ဝင်ယူပြီး ခေါင်မိုးထပ်မှာ ကျွန်တော် ဆေးလိပ်သောက်ပြီးမှ ပြန်ဆင်းလာခဲ့တာပါ ဒါပေမဲ့ ဒါကိုတော့ CCTV နဲ့ ကျွန်တော်သက်သေမပြနိုင်ဘူး သံသယဝင်စရာတွေဖြစ်နေမယ်ဆိုတာ ကျွန်တော်သိတယ် ဒါပေမဲ့ Xiao Zhan ကတော့ ဒီကိစ္စမှာ လုံးဝအပြစ်မရှိတဲ့သူပါ ဆရာတို့ Xiao Zhan အပေါ်အထင်မြင်လွဲခဲ့တဲ့အတွက် သူ့ကိုတောင်းပန်စေချင်တယ်"

Paper White Heart🔞 (Zawgyi+Unicode)Where stories live. Discover now