အပိုင်း ၃၀

992 65 1
                                    

#Unicode

နှလုံးသားဖြူဖြူ

အပိုင်း ၃၀

"ကော.....ကျွန်တော့ကို အရင်လိုချစ်သေးလားဟင်"

"ကော......ကျွန်တော့ကို မုန်းတယ်မဟုတ်လား"

"ကော.....ကျွန်တော့ကို ထုရိုက်ပစ်ချင်ရင် ထုရိုက်ပစ်လိုက်ပါ"

"ကော........."

"ကော ကျွန်တော့ကို အရေးလုပ်ပါဦး"

"ကော.......မျက်လုံးဖွင့်ကြည့်ပါဦး"

"ကော......."

~~~~~~~~

မနက်အိပ်ရာနိုးသည်နှင့် Yibo မနက်စာကို ဖြစ်ကတတ်ဆန်းစား၍ ရှုပ်ပွနေသော ဆံပင်များကို ဖီးလိမ်းပြင်ဆင် ခြယ်သခြင်းမရှိဘဲ အလျင်စလို ထွက်လာစမြဲပင်။

မနက် ၈ နာရီထိုးသည်နှင့် ဆေးရုံသို့ အမြဲရောက်ရောက်လာတတ်သော Yibo ကို ဆေးရုံရှိ ဆရာ၀န်များ ဆရာမများ သူနာပြုများအပြင် လူနာများကအစ ကလေးအဆုံး အကုန်သိနေကြပြီဖြစ်သည်။

"ဦးဦး ဒီနေ့ သားတို့နဲ့တူတူ ကစားကြမယ်လေ"

"ဦးဦးမအားသေးဘူး ကလေးတို့ ခဏလေးစောင့်ဦးနော်"

"၈နာရီ ဒေါင်ဒေါင်မြည်တာနဲ့ အချိန်မှန်ဘဲနော် ရှင်ဆိုသည်မှာလဲ ကျွန်မတို့ကို အဲလောက်တောင်စိတ်မချဘူးလား"

"မဟုတ်တာဗျာ ကျွန်တော့မှာ ဒီမျက်နှာလေးမြင်ရဖို့ ဒီခဏလေးဘဲ လာကြည့်ရတာပါဗျာ ဆရာမတို့ ရှိနေလို့ ကျွန်တော် စိတ်ချနေရတာပေါ့"

"ပြော ပြော ရှင်ဘဲပြောတော့ ပြီးရင် ကျွန်မတို့ကို တတွတ်တွတ် မှာ ဟုတ်ပြီလား"

သူနာပြုဆရာမလေးများက အမြဲလာနေကျဖြစ်သော Yibo နှင့် ခင်မင်ရင်းနှီးစွာ စနောက်ပြောဆိုနေကြသော်လည်း Yibo က ဘယ်တော့မှ စိတ်ဆိုး စိတ်တိုခြင်းမရှိဘဲ ပြန်လည်စနောက်နေကျပင်ဖြစ်သည်။

"ကဲ ရှင့်ရဲ့ချစ်သူလဲစောင့်နေတော့မယ် မြန်မြန်သွားတော့"

"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဗျာ ကျွန်တော် သွားကြည့်လိုက်ဦးမယ်နော်"

"Fighting နော်"

ဓာတ်လှေကားထဲ ခပ်သုတ်သုတ်၀င်သွားသော Wang Yibo ၏ နောက်ကျောကိုကြည့်ပြီး သူနာပြုဆရာမလေးများက သက်ပြင်းချပြီးခေါင်းကိုသာ တွင်တွင်ခါနေမိတော့သည်။

Paper White Heart🔞 (Zawgyi+Unicode)Where stories live. Discover now