အပိုင်း ၅

13K 884 3
                                    

နှလုံးသားဖြူဖြူ

အပိုင်း ၅

ခေါင်းတစ်ခုလုံးပေါက်ထွက်လုမတတ် အုံခဲကာ
မျက်လုံးများ ပူစပ်နေသည်။

တကိုယ်လုံး တုန်ယင်၍ ချမ်းသလိုဖြစ်လာကာ
စောင်ကို အတင်းဆွဲခြုံထားမိသည်။

"မင်းဒီလိုဆက်နေလို့မဖြစ်တော့ဘူး...."

ဖုန်းထုတ်ကာ ဆက်ရန်ဟန်ပြင်နေသော
မန်နေဂျာ၏ လက်ကို Yibo လှမ်းဆွဲကာ
တားမြစ်လိုက်သည်။

"မ...ဆက်....နဲ့.."

"ဒါပေမဲ့ မင်းဒီလိုဆက်နေလို့မှ မရတာ Yibo
Dr.Xiao မဟုတ်လဲ
ဆေးရုံက တစ်ယောက်ယောက်ကိုခေါ်လိုက်မယ်လေ"

"မ...ခေါ်...နဲ့...Hyung ကပါ ဒီလိုလုပ်နေမယ်ဆိုရင်....
ကျွန်တော် နောက်ဆို တံခါးမဖွင့်ပေးတော့ဘူး...

အခု...ကျွန်တော်...ဆေးသောက်ထားတာဘဲ
ခဏနေ ကောင်းသွားလိမ့်မယ်"

မန်နေဂျာ Hyung က စိတ်ညစ်သလို
Yibo ကို ကြည့်လိုက်ကာ

"ဒါဆို Evening Schedule ဖျက်လိုက်မယ်"

Yibo က နေမကောင်းသည့်ကြားမှ ခပ်ယဲ့ယဲ့ပြုံးကာ

"ကျွန်တော် ဘယ်တုန်းက နေမကောင်းလို့ဆိုပြီး
Schedule ကိုဖျက်တာ မြင်ဖူးလို့လဲ မဖျက်နဲ့"

"ကျွတ် မင်းတော်တော် ခေါင်းမာတာဘဲ Yibo

ဒါဆို အခု မင်းနားလိုက်တော့
ညနေကျရင် ငါလာခေါ်မယ်

ကြားထဲမှာ Schedule မရှိလို့တော်သေးတယ်"

"အင်း"

Manager hyung ကဝယ်လာသည့်ဆေးများချကာ
Yibo ကို စိတ်မချသလိုတစ်ချက်ကြည့်ပြီး ထွက်သွားသည်။

Yibo က တိတ်ဆိတ်သွားသော အခန်းကို ကြည့်ရင်း
သက်ပြင်းချကာ မျက်လုံးများကို မှိတ်ထားလိုက်မိသည်။
သူ့အမြင်အာရုံထဲတွင် ပေါ်လာသည်က

Xiao Zhan ရဲ့ မျက်နှာ...ပြီးတော့ သူ့ရဲ့ နှုတ်ခမ်း....

ခပ်ဟဟ ပွင့်ဟနေသော နှုတ်ခမ်းထောင့်လေးများ
ကွေးသယောင်ယောင် တစ်ချက်ပြုံးသွားပြီး
သူ့ကို တွန်းဖယ်ကာ အခန်းထဲ ဝင်သွားခဲ့သော
Xiao Zhan မျက်ဝန်းမှာ မျက်ရည်စတွေနဲ့....။

Paper White Heart🔞 (Zawgyi+Unicode)Where stories live. Discover now