အပိုင်း ၂၁

4.6K 336 26
                                    

#Zawgyi

နှလုံးသားဖြူဖြူ

အပိုင်း ၂၁

"Yibo....yibo...."

"ကော........"

Xiao Zhan နိုးလာတော့ Yibo က အနားတွင် စိုးရိမ်စိတ်များပြည့်နှက်နေသော မျက်လုံးများဖြင့် ငေးစိုက်ကြည့်ကာ နဖူးကို လက်ဝါးဖြင့် အုပ်၍ စမ်းသပ်လိုက်သည်။

"ကော...ဘယ်ရောက်နေတာလဲ"

"ဆေးရုံမှာလေ ကော မမှတ်မိတော့ဘူးလား"

Xiao Zhan က Yibo ကို အမှီပြု၍ ခုတင်ကို မှီထိုင်လိုက်ကာ အလင်းရောင်ကို ကျင့်သားမရသေးသလို မျက်မှောင်ကြုံ၍ တစ်ခန်းလုံးကို လှည့်ပတ်ကြည့်လိုက်မိသည်။

"ကော....အားရှိအောင် ကျွန်တော် Manager Hyung ကို ဆန်ပြုတ်ပြုတ်လာခိုင်းထားတယ် ခဏလေးစောင့်နော်"

Yibo က Xiao Zhan လက်လေးကို မလွတ်တမ်းဆုပ်ကိုင်ထားလျက် Manager Hyung ကို ဖုန်းဆက်နေသည်။

"မနေညက ကော ကျွန်တော့လက်ကို လုံးဝ ဆုပ်ထားတာ
ကျွန်တော့ လက်တွေတောင်နာနေပြီ"

Yibo က Xiao Zhan ဆုပ်ကိုင်ထားသော လက်ချောင်းများကို ဖြန့်ပြလိုက်ရာ ဖြူနုနေသော လက်ချောင်းသွယ်လေးများက ယခုတော့ နီရဲလျက်။

Xiao Zhan အားနာသွားကာ လက်ချောင်းလေးများကို အလျင်အမြန်လွှတ်ပေးလိုက်ပြီး ပြန်၍ ဆုပ်နယ်ကာ နှိပ်ပေးလိုက်တော့ Yibo က ကျေနပ်သလို ငြိမ်ခံနေသည်။

"Yibo.... ကိုယ် အိမ်မက် အရှည်ကြီးမက်တယ်
အိမ်မက်ထဲမှာ မင်းနဲ့တွေ့တယ်....မင်းနဲ့တွေ့ပြီးတော့...မင်းက"

စကားလုံးများ ဗလုံးဗထွေးဖြစ်၍ ပြောမထိဖြစ်နေသည်ကို သတိထားမိသွားသော Yibo က Xiao Zhan နှုတ်ခမ်းလေးကို သူ့နှုတ်ခမ်းလေးနှင့် ငြင်သာစွာ ပိတ်လိုက်သည်။

Xiao Zhan က အဖျားကူးမည်စိုးသောကြောင့် ချက်ချင်းတွန်းထုတ်လိုက်သော်လည်း Yibo က တွန်းထုတ်ပစ်လိုက်သော Xiao Zhan လက်ကို ဖမ်းကိုင်၍ နမ်းမြဲအတိုင်းဆက်နမ်းနေလိုက်ရာ Xiao Zhan မငြင်းဆန်နိုင်ဘဲ ငြင်သာသော အနမ်းများအောက်တွင် သိမ်မွေ့စွာ ဝပ်ဆင်းသွားရတော့သည်။

"ကျွန်တော် အရမ်းလွမ်းနေတာ ပြီးတော့ အရမ်းလဲ ကြောက်တယ်"

Paper White Heart🔞 (Zawgyi+Unicode)Where stories live. Discover now