#Zawgyi
နှလုံးသားဖြူဖြူ
အပိုင်း ၁၈
Shanyuan က စားသောက်ဆိုင်အပြင်ဘက်ထိ Xiao Zhan ကို ဆွဲခေါ်လာခဲ့ပြီးမှ Xiao Zhan လက်မောင်းကို လွှတ်ပေးလိုက်သည်။
"ငါတကယ် မသိလို့မေးပါရစေ မင်းအဲဒီမှာ ဘာထိုင်လုပ်နေတာလဲ"
Xiao Zhan က ဘာမှမပြောဘဲ လှည့်ထွက်သွားရာ Shanyuan က ဘေးချင်းယှဉ်လျက် Xiao Zhan နှင့်အတူ ယှဉ်လျောက်လိုက်၍
"ငါက ဒီအနီးအနားမှာ Gathering တစ်ခုရှိလို့လာတာ မင်းဝင်သွားတာတွေ့တာနဲ့ အနောက်က ငါလိုက်ခဲ့တာ မှန်သွားတယ်"
"ယုန်ပေါက်လေး"
"Yo...ယုန်ပေါက်လေး"
လူကူးမျဉ်းကြားမီးနီနေစဉ် Xiao Zhan က အတင်းဖြတ်ကူးတော့မလို လုပ်နေသဖြင့် Shanyuan က Xiao Zhan လက်ကို အတင်းဆွဲထားလိုက်သည်။
"သတိထား မင်းဟာလေ"
"လွှတ်"
"မင်းဒီလိုပုံစံနဲ့ အိမ်ပြန်မရောက်ခင် မသာပေါ်ဖို့ရှိတယ် မင်းသိရဲ့လား"
"ရတယ် ငါ့ဘာသာငါ သွားမယ် မင်းလမ်းမင်းသွား"
Shanyuan က လှည့်ထွက်သွာားသော Xiao Zhan လက်ကို ဆွဲ၍ တကိုယ်လုံးကို ဆွဲလှည့်လိုက်ပြီးမှ
"မင်းငါ့ကို နည်းနည်းလေးတောင် ကျေးဇူးတင်ချင်စိတ်လေးတောင် မရှိဘူးလား ယုန်ပေါက်လေး"
Xiao Zhan က လက်ကောက်ဝတ်ကို ဖမ်းဆုပ်ထားသော Shanyuan လက်က ပတ်တီးကို မြင်လိုက်ကာ ခြေလှမ်းများ တုံ့ခနဲ ဖြစ်သွားသည်။
"မင်းငါ့ကို နေ့လည်စာလေးတော့ ဝယ်ကျွေးသင့်ပါတယ်
မင်းကြောင့် ငါ Gathering မသွားရတော့ဘူး""ကောင်းပီ"
Shanyuan က Xiao Zhan ဆီက မျော်လင့်မထားသော အဖြေကိုကြားလိုက်ရသဖြင့် ဝမ်းသာအားဖြစ်သွားကာ ခုန်ပေါက်၍ Xiao Zhan ကို ပြေးဖက်ချင်စိတ်များပင် တဖွားဖွားပေါ်ပေါက် လာလေသည်။
Shanyuan ခေါ်လာသော စားသောက်ဆိုင်တွင် လူသိပ်မရှိဘဲ သီးသန့်ဆန်ဆန် အခန်းလေးများဖြင့် ဖွဲ့စည်းထားလေသည်။
Shanyuan က ထောင့်ဆုံးအခန်းကို ယူလိုက်တော့ Xiao Zhan လဲ ဘာမှ မပြောဘဲ လိုက်ဝင်လာလိုက်သည်။
YOU ARE READING
Paper White Heart🔞 (Zawgyi+Unicode)
Fanfiction1st time Yizhen BL by @Hamzzi Soft BL type ⚠🔞 No offensive words are included Started at Feb 9, 2020 "တချို့သူတွေအတွက် ကျိန်ဆိုမှုတစ်ခုဖြစ်ရင်လဲဖြစ်နေနိုင်တယ်လေ" "ကျိန်ဆိုမှု?" "တဘ၀လုံး မင်းအနားမှာ အမြဲရှိနေပါမယ်ဆိုတဲ့ကျိန်ဆိုမှုမျိုးပေါ့" "အော်" ...