#Zawgyi
နှလုံးသားဖြူဖြူ
အပိုင်း ၁၇
"ဟားဟားဟားဟား"
Xiao Zhan မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်တော့ အလင်းရောင်မှုန်ပျပျကိုပင် မခံနိုင်လောက်အောင် မျက်လုံးများ ကျိန်းစပ်နေသည်။
တကိုယ်လုံး ကိုင်ရိုက်ထားသလို ကိုက်ခဲနေပြီး ရှိသမျှ အားနှင့် ခြေအစုံလက်အစုံတို့ကို ရုန်းကန်ကြည့်သော်လည်း တုတ်တုတ်မှမလှုပ်။
ကျိန်းစပ်နေသော မျက်လုံးကို အားယူ၍ ဘေးဘီဝဲယာကိုကြည့်လိုက်တော့ Xiao Zhan ရင်းနှီးနေသည့် အခန်းတစ်ခုကို မြင်လိုက်ရသည်။
အဝတ်အစားများက ဟိုတစ်စဒီတစ်စ ပြန့်ကျဲကာ နှစ်ထပ် သံကုတင်တွင် စောင်များက အပုံလိုက်။
စားပွဲပေါ်တွင်လည်း စာအုပ်များကပလဲနေကာ ဘေစင်တွင် စားပြီးသား ပန်းကန်များက အထပ်လိုက်ရှိနေသည်။
Xiao Zhan အလုပ်သင်ဆင်းစဉ်ကအဆောင်အခန်းလေးဖြစ်နေသည်။
"နိုးပြီလား ယုန်ပေါက်လေး"
Xiao Zhan လက်နှစ်ဖက်ကို မြှောက်၍ ခုတင်သံတိုင်တွင် ပူးချည်ထားခံရကာ ခြေထောက်နှစ်ဖက်ကလဲ ခုတင်ခြေရင်းတွင် အချည်ခံထားရလေသည်။
"Shanyuan......မင်း"
"ဖြောင်း"
Shanyuan က ဘေးနားက ထိုင်ခုံတွင် စိန်ပြေနပြေ ထိုင်ကာ Xiao Zhan ကို ကျေနပ်စွာ ပြုံးလျက် စိုက်ကြည့်နေမိပြီးမှခါးပတ်ကြိုးကို လက်ကကိုင်ကာ ဖြောင်းခနဲ အသံမြည်အောင်ရိုက်လိုက်ပြီး အသံပေးလိုက်သည်။
"မင်း ဘယ်သူနဲ့မှ မပတ်သတ်ရဘူး ယုန်ပေါက်လေး မင်းက ငါ့လူဘဲ နားလည်လား"
"မင်းရူးနေပြီလား....... မင်းရောငါရော ယောကျာ်းလေးတွေလေ.... သဘာဝတရားဆိုတာ ပြောင်းလဲလို့မရဘူး
မင်းငါ့ကို အခုချက်ချင်း လွှတ်""ဟားဟားဟား.....ခဏကြာရင် ဒီလိုအသံထွက်လာမလား ကြည့်ကြသေးတာပေါ့"
"အား....အား....Shanyuan မင်း ရပ်တန်းက ရပ်လိုက်တော့....အား"
Shanyuan က ခါးပတ်ကြိုးနှင့် Xiao Zhan ခန္ဓာကိုယ် အနှံ့ကို ငါးချက်လောက်စိတ်ရှိသလို လွှဲရိုက်ပြီးတော့မှ ကြမ်းပြင်ပေါ်ပစ်ချလိုက်ကာ Xiao Zhan ဘေးနားကုတင်တွင် ထိုင်လိုက်ပြီး Xiao Zhan မျက်နှာကိုချုပ်ကိုင်ကာ နှုတ်ခမ်းချင်းထိကပ်လိုက်သည်။
YOU ARE READING
Paper White Heart🔞 (Zawgyi+Unicode)
Fanfiction1st time Yizhen BL by @Hamzzi Soft BL type ⚠🔞 No offensive words are included Started at Feb 9, 2020 "တချို့သူတွေအတွက် ကျိန်ဆိုမှုတစ်ခုဖြစ်ရင်လဲဖြစ်နေနိုင်တယ်လေ" "ကျိန်ဆိုမှု?" "တဘ၀လုံး မင်းအနားမှာ အမြဲရှိနေပါမယ်ဆိုတဲ့ကျိန်ဆိုမှုမျိုးပေါ့" "အော်" ...