#Zawgyi
နှလုံးသားဖြူဖြူ
အပိုင်း ၁၆
"တီးတောင် တီးတောင် တီးတောင်"
အခန်းတံခါးကို နံနက်အစောကြီး ဘဲလ်ဆက်တိုက်တီးကာခေါ်နေသဖြင့် Xiao Zhan အိပ်ရာမှ မထချင်ထချင်ထပြီး တံခါးဆီသို့လျောက်သွားလိုက်မိသည်။
Yibo ကတော့ Xiao Zhan ဘေးတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်လျက်
"ဘယ်သူလဲ"
Intercon screen ပေါ်တွင် ပေါ်လာသော လူကြီးနှစ်ယောက်ကို Xiao Zhan တစ်ခါမှမမြင်ဖူးပေ။
Xiao Zhan ဘာလုပ်မရမှန်းမသိ ကြောင်ငေးနေစဉ် ထိုလူကြီးနှစ်ယောက်ထဲက တစ်ယောက်က အိတ်ကပ်ထဲမှ သော့ကိုထုတ်၍ အခန်းတံခါးကို ဖွင့်လိုက်ရာ Xiao Zhan လဲ ထိတ်လန့်သွားပြီး Yibo ကို အမြန် ပြေးနှိုးလိုက်သည်။
"Didi....didi....ထပါဦး မင်းအခန်းတံခါးကို
ဖွင့်ပြီးဝင်လာနေပြီ""အွန်...ဘယ်သူတုန်း....."
Yibo က အိပ်ချင်မူးတူးဖြစ်နေကာ မျက်လုံးများကို မဖွင့်ချင် ဖွင့်ချင် ဖွင့်၍ Xiao Zhan ပြောတာကို နားမလည်သလို ကြည့်နေစဉ်
"သား Yibo........."
အခန်းထဲသို့ ဝင်လာသော ဦလေးကြီးနှစ်ယောက်က
အိပ်ရာပေါ်တွင် အဝတ်ဗလာဖြင့် ထိုင်နေသော Yibo နှင့်
ကုတင် ဘေးတွင် ရပ်နေသော ရှုပ်အဖြူလက်ရှည်တစ်ထပ်တည်းသာ ဝတ်ထားသော Xiao Zhan ကို ကြည့်၍ အခန်းထဲမှ အလျင်အမြန်ပြန်ထွက်သွားကြသည်။"ဒီကောင်လေး....တကယ်ပါဘဲ"
Xiao Zhan က ကုတင်ဘေးတွင် မျက်နှာများနီရဲလျက် အသက်မရှိသလို ငုတ်တုတ် ရပ်နေသည်။
Yibo က ဘာမှမဖြစ်သလို အိပ်ရာမှထကာ ကုတင်ဘေးပြုတ်ကျနေသော အကျီများဝတ်ဆင်နေရင်းက Xiao Zhanဖြစ်ပျက်နေပုံ ကို ကြည့်ပြီး သဘောကျသလို ရယ်လိုက်မိသည်။
ပြီးမှ Xiao Zhan ကို ပြုတ်ကျနေသော ဘောင်းဘီတစ်ထည် ကမ်းပေးလိုက်ကာ
"အဲဒါ ကျွန်တော့ ပါးပါး"
"ဟင်...ဒါဆို...အခု ကောတို့ ဘယ်လိုလုပ်ကြမလဲ...မင်းနဲ့ကိုယ်နဲ့ဒီအခန်းထဲမှာ...ဒီလိုပုံစံ........နဲ့"
YOU ARE READING
Paper White Heart🔞 (Zawgyi+Unicode)
Fanfiction1st time Yizhen BL by @Hamzzi Soft BL type ⚠🔞 No offensive words are included Started at Feb 9, 2020 "တချို့သူတွေအတွက် ကျိန်ဆိုမှုတစ်ခုဖြစ်ရင်လဲဖြစ်နေနိုင်တယ်လေ" "ကျိန်ဆိုမှု?" "တဘ၀လုံး မင်းအနားမှာ အမြဲရှိနေပါမယ်ဆိုတဲ့ကျိန်ဆိုမှုမျိုးပေါ့" "အော်" ...