#Zawgyi
နှလုံးသားဖြူဖြူ
အပိုင်း ၂၃
~~~အတိတ်သို့ခရီးသွားခြင်း-၅~~~
"ယုန်ပေါက်လေး နွေဦးတောင်ရောက်ပြီနော်"
Shanyuan က လက်တစ်ဖက်ကို Xiao Zhan ပခုံးပေါ်တင်ကာ ကြွေလုဆဲဆဲ သစ်ရွက်များကို လက်ညိုးထိုးပြလိုက်တော့ Xiao Zhan က Shanyuan လက်ထဲမှ ရုန်းထွက်လိုက်ကာ ဘေးကိုရွေ့လိုက်သည်။
Xiao Zhan ဖြစ်ပျက်သွားပုံကိုကြည့်ပြီး Shanyuan က သဘောကျသလိုရယ်လိုက်ပြီးမှ
"မင်းဟာလေ တော်တော်ကို မတရားဘူး.... ယုန်ပေါက်လေး"
"ဘာကိုလဲ....."
"ငါချစ်နေမှန်းသိလျက်နဲ့ ငါ့အချစ်တွေကို ဥပေက္ခာပြုထားနိုင်တယ်"
"ငါပြောပြီးပြီလေ....ငါ ယောကျာ်းလေးချင်းစိတ်မဝင်စားဘူးလို့"
"ယောကျာ်းလေးချင်း စိတ်မဝင်စားဘူးဆိုပြီးတော့
အခန်းထဲက မသုံးရက်လို့ သိမ်းထားတဲ့ရေမွှေးပုလင်းက ဘာလဲ""အဲဒါက......."
"မင်း မရိုးသားဘူးဘဲ ယုန်ပေါက်လေး"
"မင်းအဲလို မခေါ်နဲ့ဆို...."
Shanyuan က Xiao Zhan မျက်နှာအမူအရာလေးကအစ ဂရုတစိုက်လိုက်ကြည့်နေသဖြင့် Xiao Zhan နေရခက်လာကာ မျက်နှာများနီရဲလာတော့သည်။
"မင်း မကြည့်နဲ့"
"မင်းက အရမ်းချစ်ဖို့ကောင်းလို့"
"Shanyuan.... မင်းစလာပြန်ပြီလား"
Shanyuan ကဘာမှပြန်မပြောနိုင်သေးခင် Ling က Xiao Zhan တို့အနားရောက်လာ၍ နှစ်ယောက်လုံး၏ ပုခုံးကို ဖက်လိုက်ကာ
"မင်းကြားပြီပြီလား ဆေးရုံက နှစ် နှစ်ဆယ်ပြည့်အထိန်းအမှတ်အနေနဲ့ ငါတို့ကို ခရီးစဉ်တစ်ခု စီစဉ်ပေးမယ်တဲ့"
Shanyuan က Ling ပုခုံးပေါ်တင်ထားသော လက်ကို ပုတ်ချကာ Xiao Zhan လက်မောင်းကို ဆွဲ၍ သူ့ဘက်ဆွဲလိုက်တော့ Ling က တဟားဟားအော်ရယ်လိုက်မိသည်။
"Shanyuan... မင်းတော်တော် အဖြစ်သည်းပါလား"
Shanyuan က Xiao Zhan လက်မောင်းကိုဆွဲကာ Ling နှင့်ဝေးရာကိုဆွဲခေါ်သွားတော့ Ling က ရယ်မြဲရယ်လျက်အနောက်ကနေ လိုက်ခဲ့လေသည်။
YOU ARE READING
Paper White Heart🔞 (Zawgyi+Unicode)
Fanfiction1st time Yizhen BL by @Hamzzi Soft BL type ⚠🔞 No offensive words are included Started at Feb 9, 2020 "တချို့သူတွေအတွက် ကျိန်ဆိုမှုတစ်ခုဖြစ်ရင်လဲဖြစ်နေနိုင်တယ်လေ" "ကျိန်ဆိုမှု?" "တဘ၀လုံး မင်းအနားမှာ အမြဲရှိနေပါမယ်ဆိုတဲ့ကျိန်ဆိုမှုမျိုးပေါ့" "အော်" ...