အပိုင်း ၂၉ (အတိတ်သို့ခရီးသွားခြင်း - ၁၁) Special ~ First Date 2~

1K 62 4
                                    

#Unicode

နှလုံးသားဖြူဖြူ

Special ~ First Date 2 ~

ပင်ပန်းထားသည့်အရှိန် သောက်ထားသည့်အရှိန်ဖြင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေရာမှ လေယာဉ်မမှီဘဲ ထွက်သွားသည်ဟု အိမ်မက်မက်ပြီးလန့်နိုးလာရာ Xiao Zhan မျက်လုံးနှစ်လုံးဖွင့်လိုက်ချိန်တွင် သူ့ဘက်ကိုလှည့်၍ နှစ်ခြိုက်စွာအိပ်ပျော်နေသော Yibo မျက်နှာကိုတွေ့လိုက်ရတော့သည်။

"ဟင် ဒီကိုဘယ်လိုလုပ်..."

Xiao Zhan ဆိုဖာတွင် အိပ်ပျော်သွားခဲ့ကြောင်းမှတ်မိလိုက်သော်လည်း မည်သို့မည်ပုံ အိပ်ရာထဲသို့ ရောက်နေ၍ Yibo နှင့် မျက်နှာချင်းဆိုင်အိပ်နေမိမှန်းစဉ်းစား၍မရချေ။

"တီးတီးတီးတီး"

Yibo ဖုန်းမှ Alarmသံက ကျယ်လောင်စွာ ထွက်ပေါ်လာရာ Yibo အိပ်‌ပျော်နေရာမှ နိုးလာပြီး သူ့ကို စိုက်ကြည့်နေသော Xiao Zhan ကိုမျက်နှာချင်းဆိုင်တွေ့လိုက်ရ၍ အနည်းငယ် အံ့ဩသွားသယောင် နှုတ်ခမ်းအစုံက ပွင့်ဟသွားတော့သည်။

"ကောက နိုးတောင်နိုးနေပြီလား"

Yibo ကပြောပြောဆိုဆိုဖြင့် အိပ်ရာမှ ထလိုက်ပြီး ဗီရိုထဲမှ မျက်နှာသုတ်ပုဝါနှင့် တဘတ် တစ်စုံကို ထုတ်ယူလိုက်ပြီး အိပ်ရာ‌ပေါ်တွင် တင်လိုက်ကာ

"ရေချိုးခန်းထဲမှာ သွားတိုက်တံ မျက်နှာသစ်ဆေး အကုန်ရှိပြီးသား ကော ကောရေချိုးချင်ချိုးလိုက်လေ ကျွန်တော်က ဟိုဘက်အခြမ်းမှာရှိမယ်"

"အိုကေ"

"အော် ပြီးတော့ ဒီမှာကောရဲ့ လက်ဆွဲအိတ် ကျွန်တော် မန်နေဂျာကို အကူညီတောင်းပြီးလာပို့ခိုင်းထားတာ ကောတခါတည်း လေဆိပ်ကိုတန်းသွားလို့ရအောင် ကော ဘာကျန်ခဲ့လဲစစ်ကြည့်ဦး

"ဟင် အဲလိုတောင်လား ဟို... ကော အခန်းထဲက ပစ္စည်းတွေကရော"

"Shanyuan ယူခဲ့လိမ့်မယ်"

"ဟင်"

Yibo က သူ့အတွက် မျက်နှာသုတ်ပုဝါတဘတ်တစ်စုံကိုလက်တွင်ချိတ်ကာ Xiao Zhan ကို တချက်ပြုံးပြနှုတ်ဆက်ပြီး ထွက်သွားတော့သည်။

Paper White Heart🔞 (Zawgyi+Unicode)Where stories live. Discover now