အပိုင်း ၂

18.8K 1.1K 3
                                    

နှလုံးသားဖြူဖြူ ၂

အပိုင်း ၂

လက်ဆွဲသေတ္တာကို သယ်လာရင်း ဆေးရုံအရှေ့ရောက်တော့ မနေ့က အကြောင်းအရာများက ခေါင်းထဲ အစီအရီဝင်ရောက်လာလေသည်။

"ကျွန်တော်က ကောရဲ့ VIP ဖြစ်လာမဲ့ Wang Yibo ပါ"တဲ့

သူ့ VIP က Xiao Zhan ထင်သလို အသက်ကြီးကြီး မဟုတ်ဘဲ သူ့ထက်ငယ်တဲ့လူငယ်လေးတစ်ယောက်။

ကိုယ်လုံးကိုယ်ထည်အရ ကျန်းကျန်းမာမာနှင့် အားကစားသမားပုံပေါက်ကာ မျက်နှာလေးကျတော့ ရုပ်ရှင်မင်းသားတစ်ယောက်လို ဝင်းမွတ်စိုပြေနေလေသည်။

မျက်နှာ features များအရ မိန်းကလေးဆန်သော်လည်း နှာတံရှည်ရှည်နှင့် ​မေးရိုးကားပုံကမူ ထို features များနှင့်ဆန့်ကျင့်ကာ ယောကျာ်းပီသနေလေသည်။

ဘယ်လိုကြည့်ကြည့် ကျန်းမာသန်စွမ်းပြီး ယောကျာ်းပီသကာ ဆွဲဆောင်မှုရှိသော လူငယ်လေးတစ်ယောက်ဟုသာ Xiao Zhan ​ကောက်ချက်ချမိသည်။

"အဆောင်မှာထားခဲ့တဲ့ ကျွန်တော့ ပစ္စည်းတွေ သွားပြန်ယူလိုက်ပါဦးမယ်" လို့ဆိုတော့ Yibo က သူ့ထုံးစံအတိုင်း ပြုံးကာခေါင်းညိတ်ပြလေသည်။

ပြောပြီးသည်နှင့် XiaoZhan အခန်းထဲမှ ခပ်မြန်မြန်ပြေးထွက်လာခဲ့မိသည်ကိုသာ သတိရတော့သည်။

သူ့ VIP ဘယ်လိုဖြစ်ကျန်ခဲ့လဲ သူ မသိတော့။

ဒီနေ့တော့ Xiao Zhan တရားဝင် အလုပ်စဝင်တဲ့နေ့။

သူ့ VIP နှင့် မဖြစ်မနေ ပြောဆို ဆက်ဆံရတော့မည်သာဖြစ်သည်။

သို့သော် Yibo ၏ အကြည့်စူးစူးနှင့် အပြုံးနုနုတို့ကို ပြန်မြင်ယောင်လိုက်တိုင်း XiaoZhan နှလုံးခုန်သံများ မြန်လာကာ ပါးနှစ်ဖက်လုံး ပူနွေးသွားမိသည်။

Yibo ​တော့ သတိထားမိသလား မထားမိဘူးလားမသိ။

ရင်ခွင်ထဲမှရုတ်တရတ်ရုန်းထလိုက်စဉ် Xiao Zhan ပါးပြင်မှာ နွေးခနဲဖြစ်သွားပြီး Yibo ရဲ့ နှာခေါင်းချွန်ချွန်တို့က သူ့ ပါးပြင်ကို ထိခတ်ကျီစယ်သွားမိသည်ကိုပြန်တွေးမိသောအခါ သူမျက်နှာတစ်ခုလုံးပူထူလာကာ ထိမိခဲ့သော ပါးပြင်လေးမှာ ပူနွေးနီမြန်းလာလေသည်။

Paper White Heart🔞 (Zawgyi+Unicode)Où les histoires vivent. Découvrez maintenant