အပိုင်း ၂၆ (အတိတ်သို့ခရီးသွားခြင်း-၈)

2.4K 175 19
                                    

#Zawgyi

နှလုံးသားဖြူဖြူ

~~~ အတိတ်သို့ခရီးသွားခြင်း-၈ ~~~~

"မင်း... မင်း ဒါတွေက........."

အိပ်ရာအောက်မှ တစ်စွန်းတစ်စ ထွက်ပေါ်နေသော ရွှေကြိုးမျှင်မျှင်လေးကြောင့် Xiao Zhan မသင်္ကာ၍ အိပ်ရာတစ်ခုလုံးကိုဆွဲမလှန်တင်လိုက်ချိန်တွင် တွေ့လိုက်ရသော မြင်ကွင်းကြောင့် Xiao Zhan စကားပင်မပြောနိုင်တော့ဘဲဆွံ့အသွားမိသည်။

ရေချိုးတပတ်လေးဖြင့် ခေါင်းသုတ်ကာ လေချွန်လျက် အေးအေးလူလူဝင်လာသော သူငယ်ချင်းက သတင်းပို့ရန်ပြင်ဆင်နေသော Xiao Zhan ကိုမြင်သောအခါ မျက်လုံးများပြူးကျယ်သွား၍ ချက်ချင်း Xiao Zhan ခြေထောက်ကိုဖက်လိုက်ကာ

"Xiao Zhan... Xiao Zhan ခဏလေးနေပါဦး ငါပြောပါရစေ"

"A Yao" (အာ့ယောင် ဟုအသံထွက်ပါသည်)

"မင်းက ငါ့ရဲ့ အချစ်ဆုံးသူငယ်ချင်း မင်းလမ်းမှားရောက်နေရင် လမ်းမှန်ကိုပြန်တင်ပေးဖို့ ငါ့မှာတာဝန်ရှိတယ် အခု မင်းဝန်ခံလိုက်ရင် သူတို့ဘက်က သက်ညှာပေးမှာပါ A Yao ကျေးဇူးပြုပြီး မင်းငါနဲ့လိုက်ခဲ့ပါ"

A Yao မျက်လုံးမှ မျက်ရည်များစီးကျလာကာ တောင့်ခံထားသော Xiao Zhan ခြေထောက်ကိုဖက်မြဲဖက်ထားလျက် တောင်းပန်တိုးသျှိုနေသော ဖျော့တော့တော့ လေသံငယ်တို့ဖြင့်

"ဟင့်အင်း သူတို့က ခွင့်လွှတ်ကြမှာမဟုတ်ဘူး ငါ့ကို ဒီကနေ မောင်းထုတ်ကြလိမ့်မယ် မင်းသိပါတယ် ဒီကျောင်းကိုဝင်နိုင်ဖို့ ငါ့အဖွား ဘယ်လောက်ထိကြိုးစားခဲ့ရလဲဆိုတာ တစ်လတစ်လ ပေးရတဲ့ ကြေးတွေအတွက် ငါ့အဖွား ဘယ်လောက်ရုန်းကန်ရလဲဆိုတာ"

Xiao Zhan က ရှေ့လဲမတိုးနောက်လဲမဆုတ်ဘဲ တောင့်တောင့်ကြီးရပ်မြဲရပ်နေလျက်။

"ငါ့မှာ ဒီအဖွား တစ်ယောက်ဘဲရှိတော့တာပါ အဖေမရှိဘဲ Single mother အနေနဲ့ ငါ့အမေက ငါ့ကိုပစ်သွားတယ် ငါတို့မြေးအဖွားနှစ်ယောက်တည်း ရုန်းကန်ရှင်သန်နေရတာတောင်မှ အဖွားက ငါ့ကို ပညာတတ်ဖြစ်စေချင်လို့ သူ့ဘဝနဲ့တောင်ရင်းပြီးငါ့ကို ဒီကိုပို့ခဲ့တာ ဒီလို ခမ်းနားတဲ့ကျောင်းကြီးမှာတက်ပြီး အဆင့်တန်းမြင့်မြင့်နေစေချင်လို့တဲ့ အဖွားက... အဖွား ကျောက်ကပ်မကောင်းဘူး ဆရာဝန်ကြီးက ကျောက်ကပ်ဆေးဖို့ လိုတယ်လို့ ပြောတာတောင်မှ အဖွားက... အဖွားက ပိုက်ဆံကုန်မှာစိုးလို့ ဆေးရုံကို လုံးဝ ခြေဦးမလှည့်ဘူး တင်းခံနေခဲ့တာ......... တစ်လတစ်ခါအိမ်ပြန်တတ်တဲ့ သား အိမ်ပြန်ရောက်ရင် အကြွေးတောင်းစာတွေမြင်မှာစိုးလို့ သက်သက်ဖွက်ထားခဲ့တာ ဒီအဖွားအတွက် ငါက ဘယ်လိုနည်းနဲ့ ဒီမှာနေပြီးအခန့်သားလေးစာသင်နေနိုင်မှာလဲ Xiao Zhan ရာ ငါ တကယ်မလုပ်ချင်ပါဘူး ငါလဲ ရိုးရိုးသားသားဘဲနေချင်တာပါ"

Paper White Heart🔞 (Zawgyi+Unicode)Where stories live. Discover now