#Unicode
နှလုံးသားဖြူဖြူ
အပိုင်း ၃၂ (အတိတ်သို့ခရီးသွားခြင်း ၁၂)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
လေယာဉ်ပေါ်မှ ဆင်းဆင်းချင်း ရလိုက်ရသည့် လတ်ဆတ်သော လေထုကို တ၀ကြီး ရှူလိုက်ပြီး လန်းဆန်းသွားသလိုပင်။
"ကော...... ကျွန်တော် တရုတ်ပြည်ကြီးကို ပြန်ရောက်ပြီ"
Xiao Zhan တရုတ်ပြည်သို့ ပြန်သွားပြီးနောက် Yibo ဆီအရောက်လာရန် အခွင့်အလမ်းမသာခဲ့သော်လည်း Yibo နှင့် email အဆက်အသွယ် အမြဲရှိနေခဲ့သည်။
Yibo ဒီနေ့ ဘာလုပ်သည်၊ Xiao Zhan ဒီနေ့ဘာလုပ်သည်စသည့်အသေးအဖွဲ့ကအစ အမြဲပို့လေ့ရှိရာ တစ်ယောက်က ရက် အနည်းငယ်မပို့ဖြစ်လျှင်ပင် တစ်ယောက်က ဘာများဖြစ်ပါလိမ့်ဟူ၍ စိတ်ပူနေတတ်သည်။
Yibo က အချိန်တိုင်း ကွန်ပြူတာရှေ့ရောက်ရောက်သွားပြီး mail ကို စစ်လေ့ရှိရာ UNIQ အဖွဲ့၀င်များကပင် ရည်းစားပူမိနေသည်ဟု အမြဲ စနေရှိသည်။
"မင်းနဲ့ Zhan ge ကိုတော့ မနိုင်တော့ဘူး တကယ်"
"Zhan ge လို့မခေါ်နဲ့ ကျွန်တော်ဘဲခေါ်လို့ရတဲ့နာမည်"
"အမယ်လေး အဖြစ်သည်းနေလိုက်တာ ဟုတ်ပါပြီ ကျွန်တော်မျိုးကြီးမှားပါတယ် မနှောင့်ယှက်တော့ဘူးနော် ငယ်လေး စောစောလဲနားဦး"
Yixuan က စိုးရိမ်တကြီးသတိပေးသော်လည်း Yibo အတွက်မူ Xiao Zhan ဆီမှ Email တစ်စောင်ကပင် အသက်တမျှအရေးကြီးနေလေသည်။ Comebackနီး၍ perfect ဖြစ်အောင်အချိန်တိုင်း တစ်နေကုန်တစ်နေခန်းလေ့ကျင့်နေရသဖြင့် သေလောက်အောင်ပင်ပန်းနေသော်လည်း Xiao Zhan ၏ email တစ်စောင်နှင့်ပင် Yibo အင်အားရှိလာသလို အားတင်းထားနိုင်ခဲ့သည်။
သို့သော် ရုတ်တရတ် Xiao Zhan ဆီက အဆက်အသွယ်မှာ လုံး၀ပြတ်တောက်သွားခဲ့လေသည်။
Schedule ပြီး၍ အားတဲ့အချိန်တိုင်း computerရှေ့အပြေးရောက်သွားကာ စိတ်လှုပ်ရှားစွာဖြင့် Mailကို အကြိမ်ကြိမ်အခါခါ ခဏခဏ စစ်ကြည့်မိသော်လည်း အ၀င် mail ရယ်မရှိတော့ဘဲ Xiao Zhan ဆီမှ စာမလာ သတင်းမကြားတော့ပေ။
တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးလာကာ Xiao Zhan ဆီမှ စာမလာ သတင်းမကြားသည်မှာ တလပင်ရှိခဲ့ပြီဖြစ်သည်။
YOU ARE READING
Paper White Heart🔞 (Zawgyi+Unicode)
Fanfiction1st time Yizhen BL by @Hamzzi Soft BL type ⚠🔞 No offensive words are included Started at Feb 9, 2020 "တချို့သူတွေအတွက် ကျိန်ဆိုမှုတစ်ခုဖြစ်ရင်လဲဖြစ်နေနိုင်တယ်လေ" "ကျိန်ဆိုမှု?" "တဘ၀လုံး မင်းအနားမှာ အမြဲရှိနေပါမယ်ဆိုတဲ့ကျိန်ဆိုမှုမျိုးပေါ့" "အော်" ...