4

248 44 0
                                    

ကင်ဒိုယောင်း က
အေးတိအေးစက်နိုင်တဲ့ကောင်လေးပဲ

"ဒိုယောင်း ၊ ကင်ဒိုယောင်း "

သူက အဲ့လိုအကျယ်ကြီး အော်ခေါ်နှုတ်ဆက်တိုင်းလည်း ပြန်ထူးချင်မှ ထူးတယ် ။
ဒီအတိုင်း ပြန်ပြုံးပြတာနဲ့တင် ပြီးသွားတတ်တယ် ။

သူကတော့ စိတ်ထဲမှာ ရှိတာကို ဘယ်တုန်းကမှ
ဖုန်းကွယ်ထားတတ်တဲ့သူမျိုး မဟုတ်တာမို့
ကင်ဒိုယောင်း က သူနဲ့ဆို ဆန့်ကျင်ဘက်ပဲ ။
အဲ့ဒါကပဲ ကင်ဒိုယောင်းရဲ့ ဆွဲဆောင်မှုတစ်ခု ဖြစ်မယ်ထင်တယ် ။

"တစ်ခါတစ်လေ .. မင်း စိတ်ထဲမှာ ဘာတွေများ
ရှိနေလဲ လို့ သိချင်လိုက်တာ "

အဲ့လိုမျိုး မကြာခဏ ပြောတိုင်း ဒိုယောင်းက
ခပ်သာသာ ပြုံးတတ်တယ် ။

"ငါ့ စိတ်ကို သိပြီး ဘာလုပ်မလို့လဲ "

"ဒီအတိုင်း သိချင်တာပါ ဘာရယ်တော့ မဟုတ်ပါဘူး "

"သိချင်တာ ရှိရင် ငါ့ကို မေး လေ
ငါ ဖြေမှာပေါ့ "

"မင်းမှာ ရည်းစား ရှိလား "

"မရှိဘူး"

တကယ် သိချင်တာမျိုး မဟုတ်ပဲ
ပါးစပ်ထဲရှိတာ ကောက်မေးလိုက်တဲ့ မေးခွန်းပေမယ့် ဒိုယောင်း ရဲ့ အဖြေ က သိပ်ကျေနပ်ဖို့ကောင်းနေသလိုပဲ ။

ဒိုယောင်း က အေးစက်စက် နိုင်ပေမယ့်
ချစ်စရာကောင်းတဲ့ ကောင်ကလေး ပဲ ။
ဒိုယောင်း အနားမှာ ကပ်တွယ်ပြီး ငေးမောလို့ရတာကို ထယ်ယုံး အရမ်းသဘောကျတယ် ။

"မင်း ဆံပင်တွေက မျက်စိအထိ ဖုံးအုပ်နေတာ
ငါ မင်းမျက်နှာကို သေချာ မမြင်ရဘူး "

အဲ့ဒီစကားကိုလည်း ကင်ဒိုယောင်းက လစ်လျူရှုလိုက်တာပဲ ။ ဒါပေမယ့် ....... ။

နောက်နေ့ရောက်တော့
ဒိုယောင်း က သူ့ ဆံပင်ရှည်တွေကို အနောက်ကို
လှန်တင်ပြီး စိတ်ရှည်လက်ရှည် ဖီးသင်လာတယ် ။ ဆံပင်ရှည်တွေ ရှင်းနေတော့ ထောင့်စွန်းလှလှလေး ရှိတဲ့ မျက်ဝန်းလှလှလေးတွေက ပိုပြီး ပေါ်လွှင်လာတယ် ။

"wow ကြည့်စမ်းပါအုံး ၊ ဒါက ဘယ်သူလဲ "

ထယ်ယုံး သဘောကျနေတာ မြင်တော့
ဒိုယောင်းက ပြုံးတယ်
အပြုံးတွေကလည်း ပိုပြီး ရှင်းလင်းလာသလိုပဲ ။

Switch offWhere stories live. Discover now