8

228 41 1
                                    

"ရော့ စား "

အသားကင်တစ်ဖဲ့ကို လှမ်းပေးတော့ ထယ်ယုံးက  ကြိုးတွေနဲ့ တုပ်ခံထားရတဲ့ သူ့လက်ချောင်းတွေကို မျက်စပစ်ပြတယ် ။ ဒိုယောင်း ပြုံးလိုက်မိတယ် ။ လီထယ်ယုံးကတော့ အရင်အတိုင်းပဲ ။ ကြိုးတွေကို ဖြေပေးလိုက်တော့ သူနဲ့အတူတူ မီးဖိုဘေးမှာ လာထိုင်ရင်း သူ့ကိုပဲ ထပ်ငေးနေပြန်တယ် ။ မီးရဲ့ အပူရှိန်က အဲ့ဒီလေါက်အထိ မပူပြင်းပေမယ့် သူ့မျက်နှာက မီးထတောက်တော့မလို့ ပူတက်လာတယ် ။

"ငါ့ကိုကြည့်နေတာရပ်ပြီး
ငါကျွေးတာ စားလိုက်အုံး "

"ခုနက လူ ဘယ်လို ဖြစ်သွားပြီလဲ "

မကြာခင်ကမှ ဒိုယောင်းရဲ့ ဓားမြှောင်လက်ချက်စာ မိသွားတဲ့ လူတစ်ယောက်ကို ထယ်ယုံး ရည်ညွှန်းတယ်ဆိုတာ သိလိုက်တယ် ။

"ငါ သတ်လိုက်ပြီ"

အဲ့ဒီစကားကို မတုန်မလှုပ် ပြောတော့ ထယ်ယုံး က လန့်ဖျတ်သွားပြန်တယ် ။ ပျော်စရာ အခြေအနေတော့ မဟုတ်ပေမယ့် မမြင်ရတာ ကြာနေပြီမို့လို့လားမသိ ဘာမှ ပြောင်းလဲသွားပုံမရတဲ့ လီထယ်ယုံးကို မြင်ရတာ ပျော်စရာကောင်းလာသလိုပဲ ။

"အလောင်းရော "

"ငါ ကင်စားလိုက်ပြီ "

လီထယ်ယုံးက သူ့ပါးစပ်ထဲက ဝါးလက်စ အသားကင်ကို အလန့်တကြားထွေးထုတ်ပစ်တယ် ။ အသံထွက်သည်အထိ အော်ရယ်မိတော့ လီထယ်ယုံးက ခပ်တိုးတိုး ကျိန်ဆဲတယ် ။

"ဘယ်လိုလုပ်ပြီး ဒီလိုစကားကို သွေးအေးအေးနဲ့ ပြောထွက်နိုင်တာလဲ "

"ဘာလို့ အဲ့လောက်ထိ လန့်သွားရတာလဲ
ငါက အဲ့လောက်အထိ မလုပ်ရက်ဘူးလို့ ထင်လို့လား "

"အဲ့လိုမျိုး နောက်ထပ် မပြောတော့နဲ့
လန့်လို့ သေတော့မယ် "

လီထယ်ယုံးက သူ့ရင်ဘတ်သူပြန်ဖိပြီး မျက်လုံးပြူးနေတုန်းပဲ ။

"နှစ်တွေ ဒီလောက်ကြာပြီ ဘယ်လိုဖြစ်ပြီး နည်းနည်းလေးမှ မပြောင်းလဲနိုင်ရတာလဲ လီထယ်ယုံး"

"ဒီနှစ်တွေအတွင်း ဘာလို့ ဒီလေါက်အထိ ပြောင်းလဲနိုင်ရတာလဲ ကင်ဒိုယောင်း "

Switch offWhere stories live. Discover now