1

489 55 4
                                    

ချယ်ရီပင်တန်းတွေ တစ်ဖက်တစ်ချက်စီမှာရှိတဲ့ လမ်းမကြီးပေါ် ပွင့်ဖတ်အချို့ ကြွေကျနေတတ်တဲ့ ရာသီဥတုလှလှလေးမှာ စတင်ခဲ့တဲ့ ရေစက်လှလှလေးဟာ သိပ်လှတယ်လို့ ဆိုရမယ် ။

လွန်ခဲ့တဲ့ ၁၀ နှစ် နွေဦးရာသီ ။

အဲ့ဒီလိုနေ့မှာ သူက ကျောင်းနောက်ကျတော့မှာမို့ စက်ဘီးကို ခပ်မြန်မြန်လေး နင်းလာရင်းနဲ့ ပတ်ဝန်းကျင်ရဲ့ အလှတရားကိုရော ၊ အနည်းငယ်အေးစိမ့်စိမ့်နိုင်လှတဲ့ လေထုကိုရော
နည်းနည်းမှ သတိမထားမိခဲ့ဘူး ။ သူ့လိုပဲ တူညီတဲ့ ကျောင်းဝတ်စုံနဲ့ ကောင်လေး တစ်ယောက်ကို မတွေ့ခင်အထိ သူဟာ တကယ် ကျောင်းနောက်ကျမှာကိုပဲ စိုးရိမ်နေခဲ့တာ ။

ကျောင်းရောက်ဖို့ လေးပုံတစ်ပုံလောက်ပဲ လိုတဲ့အကွာအဝေးကို ရောက်တော့ ပွင့်ဖတ်တွေ ခပ်ဖွဲဖွဲကြွေကျနေတဲ့ လမ်းပေါ်မှာ သာမာန်အတိုင်း လမ်းလျှောက်နေတဲ့ အဲ့ဒီကောင်လေးဟာ  သူ့ မြင်ကွင်းထဲ ဝင်ရောက်လာတယ် ။

ကောင်လေးရဲ့ မျက်နှာကိုတော့ သေချာမမြင်ရအောင် ကောင်လေးရဲ့ ဆံပင်ဖျားတွေဟာ ရှည်လွန်းနေတယ် ။ ခေါင်းကို ခပ်ငိုက်ငိုက် လမ်းလျှောက်နေရင်းနဲ့ ဘာကို မကျေနပ်မှန်းမသိပဲ မြေပြင်ပေါ်ကျနေတဲ့ ပွင့်ဖတ်တွေကို
ခြေထောက်နဲ့ လိုက်ခပ်နေရင်း စူဆောင့်ဆောင့်နိုင်တာမို့ ဘာလို့မှန်းမသိပဲ အဲ့ဒါကို စိတ်ဝင်တစား ကြည့်နေမိတယ် ။ တော်တော်နောက်ကျနေတဲ့အချိန်မို့ လမ်းမကြီးပေါ်မယ် ကျောင်းဝတ်စုံနဲ့ဆိုလို့ သူနဲ့ အဲ့ဒီကောင်လေးပဲ ရှိတယ် ။ ဒါတောင် ကောင်လေးက သူ့လိုမျိုး ကျောင်းနောက်ကျမှာကို စိုးရိမ်ပုံမရပဲ ခပ်အေးအေးပဲ ။

အဲ့ဒါကို အဓိပ္ပါယ်မဲ့ ငေးမာနေမိတဲ့ သူကလည်း
တကယ် သတိလက်လွတ်ပါပဲ ။

ဝုန်း!!!

"အား !! "

သူ့နောက်မှာ တဖြည်းဖြည်း ဝေးကွာရင်း ကျန်ရစ်ခဲ့တဲ့ ကောင်လေးကို အမှတ်တမဲ့ကနေ သတိလက်လွှတ် စိတ်ဝင်စားငေးကြည့်မိခြင်းကတော့ သူ့စက်ဘီးက အရှေ့က လမ်းမီးတိုင်ကို ဝင်တိုက်မိတဲ့အချိန်မှာ ရပ်သွားတော့တာပဲ ။

Switch offWhere stories live. Discover now