သူပြုံးပြီးကြည့်မိတော့ အပြုံးလှလှလေးနဲ့ ကောင်လေးက ပျာယာခတ်သွားတယ် ။
"အထင်မလွဲနဲ့နော် ငါကြောက်နေတာ
လုံးဝ မဟုတ်ဘူး"ကြောက်နေတာမဟုတ်ဘူးလို့ ဆိုပေမယ့် နဂိုကျယ်တဲ့ မျက်ဝန်းတွေက ဝိုင်းစက်နေပြီးတော့ သူ့ပုခုံးကို ဖက်ထားတဲ့ လက်တွေက တင်းကျပ်နေတာကို ခံစားမိတော့ ဒိုယောင်းတကယ်ရီချင်သွားမိလို့ မထိန်းလိုက်နိုင်ဘူး ။ ပြီးတော့ ရင်းနှီးတဲ့ လေထုလေးက ရုတ်တရက်ရောက်လာသလိုမျိုး အလိုက်သင့်လေး စကားပြန်ပြောဖြစ်သွားတယ် ။
"မင်း ..တကယ် မကြောက်ဘူးလား "
"အင်း ငါ တကယ်မကြောက်ဘူး ၊ မင်းလည်း မကြောက်နဲ့ သူတို့ မင်းကို ရန်ပြုလာရင် ငါ့ကိုပြော ငါက ကာကွယ်ပေးမယ် "
တစ်စုံတစ်ယောက်ဆီက ကာကွယ်ပေးမယ်လို့ အပြောခံရတာမျိုးက ဒိုယောင်းအတွက် ထူးဆန်းနေတယ် ။
"ဘာလို့ ကာကွယ်ပေးမှာလဲ "
"ငါ့သူငယ်ချင်းမို့လို့လေ"
"ငါတို့က ဘယ်တုန်းက
သူငယ်ချင်း ဖြစ်သွားတာလဲ ""မနက်ကလေ"
ဘဝမှာ ပထမဆုံးအကြိမ် စိတ်ထဲ ပေါ့ပေါ့ပါးပါး
ရှိတဲ့ အချိန်လေး ဖြစ်သွားသလိုပါပဲ ။ အီထယ်ယုံး ဆိုတဲ့ မျက်ဝန်းကျယ်ကျယ်နဲ့ ကောင်လေးက သူ့သူငယ်ချင်းတဲ့လား ။ ထူးဆန်းလွန်းလို့ ငြိမ်ပြီး ကြည့်နေမိတော့ မလုံမလဲ ဖြစ်သွားဟန်နဲ့ သူ့ဆီက အကြည့်တွေကို လွှဲတယ် ။ ပြီးတော့
အားလျော့နေတဲ့လေသံနဲ့ ထပ်မေးတယ် ။"ငါနဲ့ သူငယ်ချင်း မဖြစ်ချင်ဘူးလား "
"အင်း .. မဖြစ်ချင်ဘူး "
ပုခုံးကို ဖက်ထားတဲ့ အရှိန်က လျှော့သွားတယ်
ပြီးတော့ ချက်ချင်းပဲ နှုတ်ခမ်းက အလိုမကျဟန်
နဲ့ ခပ်ထော်ထော်ဖြစ်လာတယ် ။အသိသာဆုံးက
သူ့ရဲ့ မျက်ဝန်းတွေပဲ အရမ်း ကျယ်လွန်းလို့လား
အကုန်လုံးကို မြင်နိုင်တယ်လို့ ခံစားရတယ် ။
ပြီးတော့ အဲ့ဒါက အရမ်းချစ်ဖို့ကောင်းလွန်းတယ်။ပုခုံးက အရှိန်လျှော့လက်စ လက်တွေကို
ဆွဲဖယ်လိုက်တော့လည်း စိတ်မကောင်းဖြစ်သွား
ပုံပါပဲ ။ သူ ဆွဲဖယ်လိုက်တဲ့ လက်တွေကို ပြန်ပြီးဖမ်းဆုပ်လိုက်တယ် ။ နွေးထွေးတဲ့ လက်ဖဝါးလေးပဲ ။