ကင်ဒိုယောင်း အရင်ကနေထိုင်ခဲ့တဲ့အိမ်ကို ထယ်ယုံး ရောက်သွားတော့ ဒိုယောင်းပြောခဲ့သလို ဆယ်နှစ်အရွယ် ကလေးမလေးတစ်ယောက်ကို တွေ့တယ် ။ ဒိုချီအရုပ်သေးသေးလေးကို လက်နှစ်ဖက်နဲ့ ဆုတ်ကိုင်ထားပြီး တစ်ခုခုကို ရေရွတ်နေတယ် ။ သေချာနားထောင်ကြည့်တော့ နံပါတ်တွေကို ရေရွတ်နေတာပဲ ။
" ရှစ်ဆယ့်ရှစ် "
"ရှစ်ဆယ့်ကိုး"
"ကိုးဆယ် "
"ယောင်းအီလား "
ထယ်ယုံး အသံကိုကြားတော့ ကလေးမလေးရဲ့ ခန္ဓာကိုယ်ဟာ ဆတ်ခနဲတုန်သွားပြီး ထွက်ပြေးဖို့ ပြင်တယ် ။ အန္တရာယ်ပြုမယ့်လူလို့ ထင်နေခဲ့တာလည်း ဖြစ်မယ် ။
"ဦးလေးက .. ယောင်းအီ ရဲ့ ဦးလေး ဒိုယောင်း ရဲ့ သူငယ်ချင်းပါ .. သူ အကူအညီတောင်းထားလို့ သမီးကို လာခေါ်တာ "
အဲ့ဒီတေါ့မှ ကလေးမလေးက ထယ်ယုံးကို မော့ကြည့်လာတယ် ။ထယ်ယုံး ခန္ဓာကိုယ်လေးကို ကိုင်းချလိုက်တော့ ကလေးမလေးက ထယ်ယုံးရဲ့ လက်မောင်းကို တွဲခိုလာပြီးတော့ မျက်ရည်တွေပြည့်နေတဲ့ မျက်ဝန်းတွေနဲ့ ကြည့်လာတယ် ။ ကင်ဒိုယောင်း ပြောခဲ့သလို ကလေးမက ဒိုယောင်း နဲ့ သိပ်တူတာမို့ မြင်မြင်ချင်းမှာတင် ထယ်ယုံး အဲ့ဒီကလေးမလေးကို ချစ်ခင်မိသွားတော့တာပါပဲ ။
"တစ်ရာ .. ချည်းပဲ ကိုးဆယ်ပြည့်ဖို့ နှစ်ခေါက်ပဲ လိုတော့တာ "
ကလေးမလေးဟာ အဲ့ဒီလိုပြောပြီးနောက် ဝမ်းနည်းတကြီးငိုချတယ် ။ ဒီနံပါတ်တွေကို ရေရွတ်ရင်း စောင့်နေဖို့ ကင်ဒိုယောင်းက သင်ပေးထားပုံပဲ ။
"ဒိုဒို ကို ကယ်ပေးပါ .. ဒိုဒို ကို ကယ်ပေးပါ "
ကလေးမက အဲ့လိုလည်း ပြောပြောပြီးတော့ ထပ်ပြီး ငိုနေပြန်သေးတာ ။
"အွန်း .. အခုလေးတင် ဦးလေးက ဒိုဒိုကို တွေ့ပြီး ပြန်လာခဲ့တာ .. သိပ်မကြာခင် ယောင်းအီလေးဆီ ခေါ်လာပေးမယ် ဒီဦးလေးက "
"တကယ်လား"
"တကယ်ပေါ့"
"ကတိ"
"ကတိ"
ရည်းစားတစ်ယောက်တလေတောင် အိမ်ခေါ်လာဖူးတာ မရှိပဲ ကလေးတစ်ယောက်ကို အိမ်ခေါ်လာတာမို့ ထယ်ယုံးအိမ်က လူကြီးတွေက အနည်းငယ် စူးစမ်းလိုကြပေမယ့် ထယ်ယုံးက ဘာမှမပြောတော့ ဘယ်သူမှ မမေးရဲကြ။