9

249 45 8
                                    

"ငါတို့ တစ်ဗူးလောက် သောက်ကြမလား"

"အင်း"

ဘီယာ သုံးဗူးလောက်သောက်ပြီးနောက်မှာ အနည်းငယ် ရီဝေဝေ ဖြစ်လာတယ် ။

"ကင်ဒိုယောင်း .. အဲ့ဒီအချိန်က ငါမင်းကို သေနတ်နဲ့ ပစ်လိုက်မှာကို စိတ်မပူဘူးလား "

ကင်ဒိုယောင်း ပြုံးလိုက်တာကို မြင်ရတယ် ။
အရင်အတိုင်း လှနေတုန်းပဲ ။

"မင်း ငါ့ကို မပစ်ရက်တာ ငါသိသားပဲ "

ကင်ဒိုယောင်း က အရင်ကအတိုင်း  သူ့ဆီက ဘာမဆိုကို သိနိုင်တဲ့ ကောင်လေး ဖြစ်နေတုန်းပဲ ဆိုတာ အတည်ပြုလို့ရသွားတယ် ။

"ကျက်သရေတုန်းတဲ့အကောင် အကုန်လုံးကို သိနေတော့တာပဲ ... ဒါဆို ငါ မင်းကို ချစ်ခဲ့ဖူးတာကိုရော သိသလား "

"အင်း"

သိနေလောက်တယ်ဆိုတာ ထင်ထားခဲ့ပြီးသားမို့  ထွေထွေထူးထူး မအံ့ဩတော့ပေမယ့် သိရဲ့သားနဲ့ မသိချင်ဟန်ဆောင်နေခဲ့တဲ့ ကင်ဒိုယောင်း ကတော့ တကယ့်ကို လူဆိုးကောင်ပဲ ။

"ငါ့ကိုရော ချစ်ခဲ့ဖူးသလား"

"အင်း"

ဒီအတိုင်း မေးလိုက်ပေမယ့် ထင်မှတ်မထားတဲ့ အဖြေအတွက် သူက အသက်ရှူရပ်မတတ် လန့်ဖျတ်သွားတာကို ကင်ဒိုယောင်းကတော့ ဘယ်လိုဖြစ်ပြီး အသောက်မပျက် အေးအေးဆေးဆေး ပြောနေနိုင်ရတာလဲ ။ ဒါမှမဟုတ် ချစ်ခဲ့ဖူးတာပဲဖြစ်ပြီး မချစ်တော့တာများလား ။

"Doyoung ahh !! ..
ငါက အခုထိ .. ချစ်နေတုန်းပဲ .. မင်းရော "

အဲ့ဒီမေးခွန်းကို တုန်လှုပ်စွာ မေးပြီးနောက် အဖြေကို ရုတ်တရက်ကြီး မကြားချင်တော့ပြန်ဘူး ။ ဒါပေမယ့် ကင်ဒိုယောင်းကတော့ သူကြားချင်နေတဲ့ အဖြေကိုပဲ အေးအေးဆေးဆေး ပြန်ဖြေခဲ့တယ်။

"ငါရောပဲ "

ကင်ဒိုယောင်း က သူဖွက်ထားသမျှတွေကို တစ်ခုချင်း ဖွင့်လှစ်ပြလာတဲ့အခါ ရင်ခုန်ရလွန်းလို့ ရူးသွားတော့မလိုပဲ ။ အဲ့ဒီလေါက်အထိကို သူချစ်ရတဲ့ ကောင်ကလေးဖြစ်တယ် ။

"Doyoung ahh !! ငါနဲ့ အတူတူ ...

သူ့စကားမဆုံးခင်မှာပဲ ဒိုယောင်းက ဖြတ်ပြောလာတယ် ။ သူတို့ ပြောနေတဲ့ စကားနဲ့ ဘာမှကို မဆိုင်တဲ့ စကားပါပဲ ။

Switch offWhere stories live. Discover now