လွန်ခဲ့တဲ့ရက်တွေက သတ်တော့လို ဖြတ်တော့မလို လူကြမ်းကြီးလုပ်နေတဲ့ လီထယ်ယုံး ဟာ ဒိုယောင်းကို လက်တစ်ကမ်းစာ အကွာအဝေးကနေ မြင်ရတဲ့ အချိန်ကစပြီး ပြောင်းလဲသွားတယ် ။
တမင်တကာ ခပ်မှိန်မှိန်အလင်းအရောင်ကို ထွန်းညှိထားတဲ့ အခန်းထဲ သူတို့ နှစ်ယောက်ပဲ ရှိနေတော့တဲ့ အချိန်မှာတော့ နှုတ်ခမ်းကို အစွမ်းကုန် စူပုတ်ထားပြီး စိတ်ကောက်ချင်ဟန်ဆောင်နေတဲ့ လူဆိုးလေးဟာ အစားထိုး ဝင်ရောက်လာပါတယ် ။
"Yong ahh "
စိတ်ကောက်ချင်ဟန်ဆောင်တာဟာ တကယ် စိတ်ဆိုးနေတာမှ မဟုတ်ပဲ ။ ကင်ဒိုယောင်း ဆီက သူ့နာမည် ခေါ်သံနဲ့တင် အရည်ပျော်ကျလုမတတ် ဖြစ်နေတဲ့ ထယ်ယုံးရဲ့ နှလုံးသားလေးက သိပ်ကို အညှာလွယ်လွန်းနေတယ် ။
"မင်း .. ငါ့ကို တစ်ယောက်တည်း ထားပြီး ထွက်သွားခဲ့တာ နှစ်ခါ .. တစ်ခါက ဆယ်နှစ်တောင်ကြာတယ် ၊ ဘယ်လိုဖြစ်ပြီး တစ်ခါလေးတောင် မဆက်သွယ်ပဲ နေနိုင်ခဲ့ရတာလဲ "
အဲ့လိုပြောပြီး ထယ်ယုံး သူ့စိတ်ကို ထပ်ပြီး တင်းကြည့်တယ် ။
"Yong ahh "
ကင်ဒိုယောင်း က ဘာမှမပြောဘူး ။ ကိုယ်ပိုင် မျက်ဝန်းလှလှလေးနဲ့ ထယ်ယုံးနဲ့ အကြည့်ချင်းဆုံအောင် ဖန်တီးပြီးတော့ပဲ Yong ahh လို့ နူးညံ့စွာခေါ်တယ် ။ ထယ်ယုံး နှုတ်ခမ်းတွေဟာ ပြုံးချင်တာကို မနည်း သည်းခံနေရပုံပဲ ။
"ပြီးတော့ .. ငါ ...
ထယ်ယုံး နောက်ထပ် တစ်ခုကို မပြောခင်မှာ ဒိုယောင်းက သူ့ရဲ့ နှုတ်ခမ်းတွေနဲ့ ထယ်ယုံး ရဲ့ နှုတ်ခမ်းကို ပိတ်ကျစေလိုက်တယ် ။
"စိတ်ကောက်တတ်တာလည်း မဟုတ်ပဲ
စိတ်ကောက်မနေစမ်းပါနဲ့ !! ငါက မင်းကို မသိလို့လား ၊ ငါ့ကို အများကြီးလွမ်းနေခဲ့တာမှလား ၊ ဒီအချိန်က အခုလိုလုပ်နေရမယ့် အချိန်မို့လို့လား "အဲ့လိုပြောပြီးနောက် ဒိုယောင်း က ထယ်ယုံးရဲ့ လည်တိုင်ကို လက်နှစ်ဖက်နဲ့ တွယ်ယှက်လိုက်တယ် ။ ထယ်ယုံး ထပ်ပြီးတော့ အကြည့်လွဲလို့မရတော့လောက်အောင် ထယ်ယုံးရဲ့ မျက်ဝန်းကျယ်တွေရဲ့ လားရာကိုလည်း ဒိုယောင်းက လိုက်ဖမ်းနေတာပဲ ။