"ငါ့နာမည်က Taeyong
Lee ... Tae ... Yong ""အော် ~~ "
သူက ကြိုးစားပမ်းစား သူ့နာမည်ကို တစ်ခုံးချင်းစီ ပြောပြလိုက်ရပေမယ့် ဒိုယောင်း က အော် အသိအမှတ်ပြုရုံလောက် ခေါင်းတစ်ချက်ဆတ်ပြပြီးနောက် သူ့ဆံပင်ဖျားတွေ မျက်လုံးအောက်အထိ ဖုံးသွားအောင် ခေါင်းကို ငုံ့ထားလိုက်ပြန်တယ် ။ဆံစတွေက မျက်ဝန်းတွေကို ဖုံးထားတာ နေရမခက်ဘူးလား မသိ။ ဘာလို့မှန်းမသိ ထယ်ယုံး အဲ့ဒီကောင်လေးကို အရမ်းစိတ်ဝင်စားမိနေသလိုပဲ ။
" Doyoung ahh!! "
"ကင် .. ဒို ... ယောင်း "
အရှေ့မှာ စာသင်နေတဲ့ ဆရာလည်း မကြားအောင် ထိုင်ခုံကို ဒိုယောင်း အနားအထိ တိုးကပ်ရင် လေသံလောက်နဲ့ နှစ်ခွန်းလောက် ခေါ်လိုက်မှ စိတ်မရှည်တဲ့ ပုံစံနဲ့ လှည့်ကြည့်တယ် ။
"ညနေကျောင်းဆင်းရင် ငါနဲ့ အတူပြန်ရအောင် "
"မပြန်ချင်ဘူး"
နှာခေါင်းတွေက အလိုလို ရှုံ့မဲ့သွားတာကို ထယ်ယုံး ခံစားမိလိုက်တယ်။ ဒိုယောင်း က ချေ လိုက်တာလို့လည်း တွေးမိသွားတယ် ။ နေပါစေပေါ့ ဆိုပြီး မခင်ချင်တော့ဘူးလို့ တွေးလိုက်ပြီး လက်လျှော့လိုက်တယ် ။
ဒိုယောင်း ကတော့ ခေါင်းတွေကို ဆက်ငုံ့ထားလိုက်တာ အိပ်ငိုက်နေတယ်လို့တောင် ထင်ရတဲ့အထိပဲ ။ ဆရာ စာသင်နေရင်း စာမျက်နှာ ဘယ်အထိရောက်ရောက် စာရွက်လှန်တာ မမြင်ရဘူး ။ ငြိမ်သက်နေလိုက်ပုံများ ။ အသက်ရော ရှိနေသေးရဲ့လား ။
စာတွေ လိုက်ကြည့်နေရတာ ငြီးငွေ့လာတာမို့ စာရေးစားပွဲမှာ လက်ကို ဆန့်တန်းထားလိုက်ပြီး ခေါင်းအပ်လိုက်တယ် ။ မျက်နှာမူလိုက်မိတဲ့ နေရာ က သေချာပေါက် ပြတင်းပေါက်ဘက်ဆိုပေမယ့် ကင်ဒိုယောင်း ရှိနေတဲ့ဘက်လည်း ဖြစ်နေခဲ့ပြန်တယ် ။
အင်္ဂလိပ်ဆရာက အချစ်ကဗျာတစ်ပုဒ်ကို
အသံထွက်မှန်မှန်နဲ့ ရွတ်နေသံက အိပ်ချင်စဖွယ်
ဖြစ်နေခဲ့ပေမယ့် မျက်လုံးက မှေးစင်းမလာပဲ
တစ်စုံတစ်ရာကိုသာ ထယ်ယုံး စိတ်ဝင်တစား ငေးကြည့်နေမိတယ် ။