^Second Face^ Part-6

4.2K 360 4
                                    

Sulli အမေးကို Luhan ပြန်မဖြေ Hun အကြောင်းသာ ခေါင်းထဲရောက်နေခဲ့ တယ်

ဒါဆိုစေ့စပ်ပွဲကိစ္စက ဘယ်လိုလုပ်မှာလဲ

အမှန်ပြောရင် ကျွန်မလည်း လက်မထပ်ချင်သေးဘူး လွတ်လပ်ချင် သေးတယ်

ဒါဆိုရှင်းနေတာပဲ မင်္ဂလာပွဲဖျက်လိုက် စေ့စပ်ပွဲလုပ်မနေနဲ့တော့

အဲ့လောက်မလွယ်ဘူး Mr.Luhan ကျွန်မမိဘတွေကို မလွန်ဆန်နိုင်ဘူး

မင်းဆရာ ငါရော နှစ်ယောက်လုံး သဘောမတူရင် မိဘတွေဘာ

တတ်နိုင်မှာလဲ

ထားပါတော့လေ ရှင်ကျွန်မကို တွေ့ဖို့ပြောတာ မင်္ဂလာပွဲဖျက်ဖို့လား

ဟုတ်တယ် ပြီးတော့ ငါ Korea ကိုသွားရမယ် စေ့စပ်ပွဲနဲ့တိုက်နေလို့ အဲ့ဒါ

သြော်...ပွဲပျက်အောင်လုပ်ရမယ်ပေါ့

အင်းးး Papa ကိုပြောလို့လည်းမရဘူး မင်းကူညီပါလား

ကျွန်မကြိုးစားကြည့်မယ်လေ ပွဲပျက်ဖို့ထိ မလုပ်နိုင်ရင်တောင် ပွဲနောက်ဆုတ်ဖို့ ပြောပေးမယ်

Gomawo!! Sulli ပျက်သွားရင် ကောင်းမယ်ကွာ

ရှင် korea ကို ဘာကြောင့်သွားမှာလဲ ဆိုတာမပြောပြတော့ဘူးလား

အရေးကြီးတဲ့လူတစ်ယောက်ကို သွားတွေ့မလို့

ဘယ်သူလဲလို့တော့ မမေးတော့ပါဘူး

ဒါနဲ့ မင်းကဘာလို့ မိဘတွေကို ဒီလောက်ကြောက်နေရတာလဲ

ကြောက်တယ်ဆိုတာထက် လေးစားပြီးချစ်တာ ပြီးတော့ .....

Sulli မျက်ရည်တွေဝဲလာတယ်

ထားလိုက်ပါတော့

အင်း ဒါဆိုပြန်လိုက်ပို့ပေးမယ်လေ company ပဲသွားမယ်မလား

Arnyi!! အိမ်ပြန်မှာ

သြော် Mr.Luhan အစား Luhan လို့ပဲခေါ်ပါ မင်းကိုလည်း Sulli ပဲခေါ်မယ်

Nae...

Sulli က korea လူမျိုးပါ Luhan မိဘတွေလိုပဲ သူ့မိဘတွေက China မှာ အခြေကျနေတာပေါ့

Sulli အိမ်ပြန်ရောက်တော့

အခန်းထဲမှာ လဲနေတဲ့သူ့အဘွားကို ရပ်ကြည့်နေမိတယ် အဘွားက လူကြီးရောဂါနဲ့ လဲနေတာကြာပြီ အချိန်လည်းသိပ်မကျန်တော့ဘူး

^Second Face^Where stories live. Discover now