^Second Face^ Part-24

2.9K 353 10
                                    

Kris!!!

Kris ကတော့ မျက်လုံးပြူး၍ ပြန်ကြည့်နေသည် ဘယ်နှယ့် တစ်ခါမှမမြင်ဖူးတဲ့လူက ငါ့ကို တရင်းတနှီး လာခေါ်နေတာပါလိမ့်

ကျွန်တော့်ကိုသိလို့လား

မင်းကလည်း မနောက်ပါနဲ့ကွာ ငါ Luhan လေ ငါ့ကောင်ရ

Luhan က Kris ဆီလျှောက်လာပြီး ဖက်၍နှုတ်ဆက်လိုက်သည်

Kris ကတော့ ကျောက်ရုပ်အနေ အထားနှင့် Luhan ကို ကြောင်ကြည့်နေတုန်း

ဟေ့ကောင် ဘာဖြစ်နေတာလဲ ငါ့တွေ့တာ သရဲတွေ့တာကျ

Luhan အခုမှသတိဝင်ကာ သူ့မျက်နှာလေးကို ကိုင်ကြည့်လိုက်ပြီး

Kris!! သူတိုးညင်းစွာ ထပ်ခေါ်လိုက်တယ်

မင်းလန့်သွားမှာပဲ sorry!! သူငယ်ချင်း ငါ ငါ မေ့သွားတယ် ငါ့မျက်နှာက ပျောက်ဆုံးသွားပြီဆိုတာ

Luhan က မျက်ရည်တို့ဝဲလျက် နှုတ်ခမ်းကိုကိုက်ကာ လက်သီးဆုပ်လျက် ပြောလေသည်

Hyung!! ဒီမှာထိုင်လေ Kris hyung ရောထိုင်လေ

Kai က အခြေအနေကို နားလည်ဟန်ဖြင့် သူဝင်မပြောရင် နှစ်ယောက်သား ရပ်နေမှာလေ သူသိချင်တာတစ်ခုတော့ ထပ်တိုးလာသည် Kris hyung နဲ့ Luhan hyung က chingu တွေလား??

Lu Luhan က

ငါပဲ Kris ငါ မင်းသူငယ်ချင်း Luhan ပါ ယုံပါကွာ car accident ကြောင့် မျက်နှာပျက်သွားတာကလွဲရင် ငါဟာ မင်းရဲ့အချစ်ဆုံး သူငယ်ချင်း Luhan ပါ

Kris ကတော့ ခေါင်းကိုခါ၍ အကြောက်ကန်ငြင်းမိသည်

မဟုတ်ဘူး မဟုတ်ဘူး Luhan က ရှိတယ် မင်းဘာတွေလာပြောနေတာလဲ

ရုတ်တရက်ထိတ်လန့်မှုကြောင့် Kris ဆောက်တည်ရာမရခဲ့

ဒါပေမယ့် ငါသိတဲ့ Luhan က ငါ့သူငယ်ချင်းမဟုတ်သလို ခံစားရပြီး မင်းကျတော့ ဘာလို့ မင်း မင်းရဲ့အသံ အပြုအမူ Luhan အတိုင်းပဲ

ဘယ်လို Kris!! မင်းသိတဲ့ Luhan ဆိုတာ ဘယ်သူလဲ

ကျွန်တော်စကားဖြတ်ပြောလို့ရမလား

Kai က ဝင်ပြောတော့ နှစ်ယောက်လုံး ခေါင်းငြိမ့်လိုက်တယ်

Kai သူ့စားပွဲရဲ့ အံဆွဲထဲက ဓါတ်ပုံလေးတစ်ပုံကို Luhan ကို ပြလိုက်တယ်

^Second Face^Where stories live. Discover now