^Second Face^ Part-19

3.4K 346 18
                                    

Kris!!!! Sehun ph မကိုင်ဘဲ နေလိုက်တယ် နည်းနည်းကြာတော့ ph ထပ်ခေါ်တယ် ဒီတစ်ခါတော့ Sehun ph ကိုင်လိုက်တယ်

Yebowsayaw.. Kris!! ပြော ငါ့ကောင်ကြီးးး ( အမယ် ငါ့ကောင်ကြီး တဲ့ ခွီးးး မသိပဲနဲ့လုပ်စားတာ )

အေးး Luhan ငါမနက်ဖြန် ပြန်လာမယ် အဲ့ဒါပြောတာ ဒါပဲ နောက်မှတွေ့မယ်

ph ချသွားတယ်

ဟာ ဘာလား ph ချသွားပြီး ဟိုက် သေရော ဟိုတစ်ခါ Kris ပြန်လာတယ် လို့ Sulli ကိုပြောထားတာ ကျွတ် ဘယ်လိုလုပ်ရမလဲ မတတ်နိုင်ဘူး ကြုတ်ကြတ်လိရမှာပေါ့

သူဌေး Bubble tea ရပြီ

သြော်..အေးး သောက်လိုက်မယ် ဒါနဲ့ မင်းငါ့ကို တစ်ခုလောက် လုပ်ပေးစမ်းကွာ

ဘာများလဲ သူဌေး

Luhan chingu Kris အကြောင်း စုံစမ်းပေးစမ်းပါ မြန်မြန်လေး

Nae.. သူဌေးး

သိပ်မကြာပါ Kris အချက်အလက်တွေ Sehun လက်ထဲရောက်လာတယ် အကြောင်းသိမှအဆင်ပြေမှာလေ မနက်ဖြန်လာမယ်ဆိုတော့ကာ Sehun တစ်ယောက်ဟန်ဆောင်ကောင်းရဦး မှာပေါ့

ညဘက်ရောက်တော့ Sehun အိမ်ပြန်ခဲ့တယ် မိုးတော်တော်ချုပ်နေပြီ

Sulli အိပ်လောက်ပြီဆိုပြီး ထင်ခဲ့ပေမယ့် Sulli က sofa ပေါ်မှာ ခေါင်းလေးမှီလျက် မှိန်းနေတယ်လေ သူ့ကိုစောင့်နေတဲ့သဘောပေါ့

Sehun လည်း Sulli ဘေးနားဝင်ထိုင်လိုက်တယ် Sulli မျက်လုံးဖွင့်ကြည့်ပြီး

Luhan နောက်ကျလှချည်လား ထမင်းရောစားပြီးပြီလား ဘာတွေလုပ်နေတာလဲ

အင်းး အလုပ်တွေလက်စသတ်နေတာ ပါ ထမင်းစားပြီးပြီ ဘာလုပ်နေတာလဲ အခန်းထဲဝင်မအိပ်ဘဲ

Luhan ကိုစောင့်နေတာလေ ကဲ နားတော့လေ မနက်အလုပ်လုပ်ရဦးမှာ

Sehun Sulli ကိုဆွဲဖက်လိုက်တယ်

ခဏလောက်ဒီလိုလေးနေပေးပါ

ဘာဖြစ်လို့လဲ

ဟင်းးးး ပင်ပန်းလိုက်တာ အခုမှအားပြည့်သွားတယ်

အပိုတွေပြောမနေနဲ့ အိပ်တော့နော်

^Second Face^Where stories live. Discover now