^Second Face^ Part-27

3.5K 349 17
                                    

ကောင်လေး hyung လေ
ကျွန်တော်အခုအချိန်မှာ ဘာပြောရမှန်းမသိသလို ဘာမေးရမှန်းလည်းမသိဘူး ပြီးတော့ ဘာဆက်လုပ်ရမှန်းလည်းမသိဘူး Luhan စကားမဆက်ခင် Hun ပြောလိုက်တယ်

Luhan ပြုံးမိတယ် အခုသူ့ရှေ့မှာရှိနေတာက အရင်ကသူနဲ့အတူရှိနေခဲ့တဲ့ ကောင်လေး ခဏတာ လူကြီးဖြစ်ချင်ယောင်ဆောင်ခဲ့ပေမယ့် ရင့်ကျက်တဲ့ပုံစံဖမ်းပေမယ့် ကလေးပါပဲ
အခုပဲကြည့်လေ သူဘာလုပ်ရမှန်းမသိ ဆိုပဲ အရင်ကတစ်ခုခုဖြစ်ရင် ကျွန်တော့်ကိုလာလာပြောပြီး ကျွန်တော်အကြံပေးတာကို နားထောင်နေကျ အခုရော သူ့ကိုအဲ့လိုအကြံပေးရင် လက်ခံပါ့မလား?

ကျွန်တော့်အကြံကတော့ ဘာမှမစဉ်စားဘဲ hyung နဲ့အတူ လိုက်ခဲ့ပေါ့ hyung ကို ဒီတစ်ခါတော့ ယုံကြည်ပေးပါပေါ့ အဲ့လိုပြောလိုက်ချင်ပေမယ့် ဒီအချိန်မှာ ပြောသင့်တဲ့စကားမဟုတ်
အသုံးမဝင်လောက်ဘူးလေ

ကောင်လေး
ကျွန်တော်ချစ်ရတဲ့သူလေးကိုကြည့်ပြီး လွမ်းဆွတ်ခဲ့ရတဲ့ အခေါ်အဝေါ်လေးနဲ့ ကြင်နာစွာခေါ်မိပြန်တယ် ကောင်လေးက မဝံ့မရဲ ပြန်ကြည့်သည်လေ

သူ့မျက်ဝန်းတွေထဲမှာ စိုးရိမ်ရိပ်တွေ မြင်နေရတယ် တစ်ဆက်ထဲ ကျွန်တော်မှားသွားပြီ hyung ဆိုတဲ့ တောင်းပန်လျိုတိုးနေတဲ့ အရိပ်လေးကိုမြင်နေရသလို hyung ကျွန်တော့်ကို ထားခဲ့တာပဲ ဆိုတဲ့ နာကျည်းရိပ်လေးတွေ ဖြတ်သန်းသွားပြန်ရော

သူစိတ်တွေရှုပ်နေမှာ အသေအချာပဲ ကျွန်တော့်ကိုလည်း တောင်းပန်ရခက် စိတ်ဆိုးရခက် ပြန်ခေါ်ရခက်နေမလားပဲ hyung ကပဲ တောင်းပန်ပါရစေ ဒါတွေအားလုံး hyung ကြောင့်ပါ hyung မှားခဲ့တာပါ

အချိန်အတော်ကြာ အကြည့်ချင်းစုံပြီးမှ
Hun ကစပြီး အကြည့်လွှဲသွားတယ် တစ်ပြိုင်နက်ထဲ Luhan ကို ကျောခိုင်းလှည့်ထွက်ဖို့ ပြင်လိုက်တယ်

ကောင်လေး........
ဒီတစ်ခါတော့ ကောင်လေးရဲ့ စကားအနောက်မှာ လှုပ်ရှားမှုရော ပြောရမယ့်စကားတွေပါ ကပ်လိုက်ရတယ် ကောင်လေး ကောင်လေး ခေါ်ပြီး အူကြောင်ကြောင်နဲ့ ရပ်တန့်နေရတာ

ဒီတစ်ခါတော့ Luhan အနောက်မှနေ၍ Hun ရဲ့ ခါးလေးကိုဖက်ကာ Hun ရဲ့ ဗိုက်နေရာမှာ လက်နှစ်ဖက်ကို တင်းနေအောင် ယှက်ထားလိုက်တယ်
ကျောပြင်လေးရယ် အခုအချိန်ထိ နွေးထွေးနေလို့ ကျေးဇူးတင်ပါတယ်

^Second Face^Where stories live. Discover now