^Second Face^ Part-26

3K 346 17
                                    

Hun တစ်ယောက် ဆုံးဖြတ်ရခက်နေပြီ ဟုတ်တယ် Luhan ပြောသလိုပဲ Sulli က ဖြူစင်တဲ့လူတစ်ယောက်ပါ miyanae Sulli noona.. ကျွန်တော် noona ကို ဆွဲထည့်မိတာ မှားသွားပြီ

noona.... အင်းးး Sulli က Hun ထက်ကြီးတယ်လေ Luhan ထက်နည်းနည်းငယ်တယ် ဒီတော့ noona ပေါ့နော် ဟန်ဆောင်ပြီး Sulli ya လို့ခေါ်ခဲ့တာ

နောင်တရနေလို့တော့ ဘာမှမထူး ဖြေရှင်းရမှာပဲ ဖြစ်ခဲ့ပြီးပြီလေ နာရီလက်တံက ရွေ့ရှားဆဲ အချိန်တွေလည်းကုန်လာပြီ

5:30 ... Hun coat အင်္ကျီကိုဆွဲပြီး ကားလေးနဲ့ ချိန်းထားတဲ့နေရာကို ဦးတည်လိုက်တယ် စိတ်ထဲမှာတော့ ရေရွတ်လိုက်သေး

ဘာလို့အဲ့ဆိုင်မှာ ချိန်းရတာလဲ တဲ့
Hun အတွက်တော့ ကသိကအောက် ဖြစ်နေမှာ အဲ့ဆိုင်မှာ Luhan နဲ့ သူ့အတွက် အမှတ်တရတစ်ချို့ ရှိခဲ့တယ်လေ

ဆိုင်ထဲရောက်တာနဲ့
Luhan!!!
Sulli ပြေးလာပြီး Hun ရင်ခွင်ထဲဝင်ကာ ဖက်လိုက်တယ် Hun လည်း ပြန်ဖက်ထားပြီး miyanae.. စိတ်ထဲက တောင်းပန်လိုက်ပြန်တယ် Luhan နဲ့ Kris ကတော့ သက်ပြင်းများသာ ချနေတယ်

အခုမှလာတယ် တော်တော်ကောင်းတယ် လာစေချင်တယ်လည်းပြောသေး လာတော့လည်း လေဆိပ်မှာ လာတောင်မကြိုဘူး
aww.. ငါကခေါ်တယ်လို့ ညာထားတာပေါ့ Kris က မျက်စိတစ်ဖက်မှိတ်ပြလိုက်တယ်

hee.. ကိုယ်မအားလို့ပါ အခုတွေ့ရပြီပဲ
အင်းးး လွမ်းနေတာ
Sulli ကတော့ သူချစ်ရသူကို တွေ့ရတော့လည်း ဝမ်းသာနေတာပေါ့
ဗိုက်ဆာပြီ စားရအောင်လေ

ကိုယ်လည်းလွမ်းနေတာလို့တောင် ပြန်မပြောဘူး တွေ့တာနဲ့ ပြေးဖက်ပြီး ဟင်းးးး ဒီ့ထက်မျှော်လင့်ထားတာ အေးတိအေးစက်နဲ့ ဘာဖြစ်နေတာပါ လိမ့်
Sulli တွေးနေမိတယ် အမှန်တရားကို သိရရင်ရော?

အားလုံးစားသောက်ပြီးတော့ Luhan နဲ့ Kris နဲ့ ပြန်တော့မယ်ဆိုပြီး ထသွားတယ် တမင် Hun နဲ့ Sulli ကို ထားခဲ့တယ်ဆိုပါတော့

Sulli တစ်ခြားနေရ်ာသွားရအောင်
Nae..
Sulli လက်မောင်းကိုလာချိတ်တော့ Hun အားနာမိတယ် အရင်ကတော့ အမှောင်တွေနဲ့ ဖုံးလွှမ်းခဲ့ပြီး မကောင်းတဲ့စိတ်တွေနဲ့ Sulli ဒီလို သူ့ဘက်ပါလာရင် ပျော်နေတာလေ အခုတော့...

^Second Face^Where stories live. Discover now