^Second Face^ Part-12

4.1K 372 11
                                    

Luhan အိမ်လေးထဲ ပြန်ဝင်သွားပြီး Sehun ရဲ့ အငွေ့အသက်လေးတွေကို ခံစားလိုက်တယ် အတူအိပ်စက်ခဲ့တဲ့ ကုတင်လေးပေါ်မှာ စိတ်တွေကို လျှော့ချလိုက်တော့ အိပ်ပျော်သွားခဲ့တယ်

မကြာပါ Hun ငိုနေတဲ့ပုံလေးက အိပ်မက်ထဲပါလာတော့ Luhan ချွေးစေးတွေနဲ့ အိပ်ရာကလန့်နိုးခဲ့တယ် ကောင်လေးရယ်.... hyung hyung ဘာလုပ်နိုင်မှာလဲ

Sehun အိမ်ရောက်တော့ အပေါ်ထပ် အိပ်ခန်းထဲက ပစ္စည်းတွေပေါ် ဒေါသတွေပုံချလိုက်တယ် အသံတွေကြားတော့ arjima နဲ့ arjushi တက်လာပေမယ့် Sehun လက်ကာပြလိုက်တော့ ပြန်ဆင်းသွားတယ်

နောက်နေ့အလုပ်လုပ်ဖို့အတွက် ညစ်နေတဲ့စိတ်တွေကို အတတ်နိုင်ဆုံး ဖြေလျှော့လိုက်တယ် Rap သီချင်းတွေ နဲ့ပေါ့

company ပြန်လည်လည်ပတ်ဖို့ အတွက် Sehun အတတ်နိုင်ဆုံး ကြိုးစားရင်း အလုပ်ထဲ စိတ်နှစ်ထားလိုက်တယ် company ရှေ့ မတ်တပ်ရပ်နေတဲ့ Luhan ကို လစ်လျူရှုပြီးပေါ့်

အိမ်ပြန်ရောက်တော့လည်း အိမ်ရှေ့မှာ ထိုင်စောင့်နေတဲ့ လူတစ်ယောက်ကို မမြင်ချင်ယောင်ဆောင်ပြီး အိမ်ထဲဝင် အပြင်မှာအရမ်းအေးနေလျက် ထိုင်စောင့်နေတဲ့လူကြောင့် ညဘက်တွေ့  ကြိတ်မှိတ်ပြီး အိပ်ခဲ့ရတယ်

Luhan ပဲပေါ့ company ရှေ့ အိမ်ရှေ့ မှာစောင့်မဝလို့ Sehun သွားသမျှနေရာတွေ နောက်ကလိုက်နေခဲ့တာ သုံးရက်ရှိနေပြီ Sehun ကတော့ အလုပ်လုပ်ရတာ မဖြောင့်ပေမယ့် မသိချင်ယောင်ဆောင်နေခဲ့တယ်

တစ်ပတ်လောက်ကြာတော့ ...

သူဌေးကို လူတစ်ယောက်က စာပေးခဲ့တယ်

ဘယ်သူလဲ

ဟို သူဌေးအတွေ့မခံတဲ့ တစ်ယောက်ပါ

အင်းး ထားခဲ့လိုက်

secretary ထွက်သွားမယ် လုပ်တော့

သြော် ခဏ အဲ့လူရှိသေးလား

မရှိတော့ဘူး ဒီနေ့တော့လာမစောင့်ဘူး

အင်းး ရပြီ သွားတော့လေ

Nae..

company ဝန်ထမ်းတွေက Luhan ကို တော်တော်စိတ်ဝင်စားနေကြတယ် သူဌေးနဲ့ ဘယ်လိုပတ်သက်လဲ ဆိုတာပေါ့ ဒါက Sehun အတွက် စိတ်အနှောင့်အယှက်ပိုဖြစ်ရတယ် အားလုံးက သိချင်စိတ်ပြင်းတဲ့ မျက်လုံးတွေနဲ့ လိုက်ကြည့်နေတာကိုး

^Second Face^Where stories live. Discover now