^Second Face^Part-16

3.6K 348 3
                                    

company ထဲဝင်ရမှာ နည်းနည်းတော့ စိတ်လှုပ်ရှားမိသလိုလို Sehun စိတ်ကိုလျှော့ချလိုက်ပြီး အသက်ဝအောင်ရှုလိုက်တယ် ဟန်ဆောင်ရဦးမှာပါလားး

သူဌေးလေး သူဌေးလေးနဲ့ ပါးစပ်ကကိုမချတော့ဘူး နားတောင်ငြီးလာပြီ ဝန်ထမ်းတွေ အားလုံးကတော့ မျက်နှာချိုပြီး ဆက်ဆံရေးကောင်းမွန်မယ့်ပုံ ဝန်ထမ်းတွေကိုတော့ သေချာရွေးချယ်ထားတယ်ထင်တယ်

Sehun စိတ်ပူနေတဲ့အရာက Luhan appa နဲ့ တွေ့ရမှာပဲ ဒါပေမယ့် အခု company က Luhan နဲ့ Sulli ရဲ့ company ခွဲဖြစ်လို့ ဆုံစရာအကြောင်း တော့မရှိ ကြားရတာတော့ တစ်ခါတစ်လေရောက်လာတတ်တယ်တဲ့

Secretary ကတော့ schedule တွေပြောပြနေတယ် Korea ကိုသွားတဲ့ ကိစ္စကို ဖုံးကွယ်ထားတာမို့ သိပ်မရိပ်မိကြပေ ဘာရယ်မဟုတ် Luhan ရဲ့အခြေအနေကို သိချင်တာကြောင့် ph ဆက်လိုက်တယ်
arjima.. Luhan ဘယ်လိုနေလဲ
အစားတော့မစားဘူး သူဌေး သူ့ကြည့်ရတာအားနည်းနေတဲ့ပုံပဲ ပြီးတော့ အဝေးကိုကြည့်ပြီး တစ်ခုခုစဉ်းစားသလိုမျိုး ဒီနေ့နေ့လယ်လောက်ထဲက အခန်းထဲမှာပဲ အပြင်ထွက်မလာဘူး

ကောင်းပြီ တစ်ခုခုထူးခြားရင် ph ဆက်ပေးပါ အစားရအောင်ကျွေးလိုက် တစ်ခုခုဖြစ်ရင် အလုပ်ရှုပ်တယ် ပြီးတော့ထပ်သတိပေးမယ် ကျွန်တော့်အကြောင်း ဘာမှမပြောမိစေနဲ့

arjima က Sehun နဲ့ ပတ်သက်ပြီး သိပ်မသိပေမယ့် နာမည်နဲ့ အလုပ်အကိုင်လောက်တော့ သိထားတယ်လေ Luhan ကတော့ ရအောင်မေးမှာပဲ သူ့ကိုဒီလိုလုပ်ထားတာ Sehun ဆိုတာသိလို့မဖြစ်

Luhan meeting ရှိတယ်လေ ဘာတွေတွေးနေတာလဲ
သြော်... Sulli miya ဝင်လာတာမတွေ့လိုက်ဘူး
နေမကောင်းဘူးလား အသံတွေလည်း မကောင်းဘူး
ဘာမှမဖြစ်ပါဘူး သွားရအောင်

အသံ အသံကိုပြင်ထားပေမယ့် သိပ်အဆင်မပြေသေး အသံပြောင်းဆေးတွေသောက်ပြီး အသံတုကိရိယာတွေတပ်ထား ပေမယ့်အသားမကျသေးပေ

ဟေ့ကောင် Kai အသံရော ပြောင်းရမယ်မလား
အင်းး ပြောင်းရမှာပေါ့ မင်းသူ့အသံကို ဘယ်လိုတုမလဲ
အသံကတော့ကွာတယ်ဟ ငါအသံကရင့်တယ် သူ့အသံကကလေးဆန်တယ်

အင်းးး ငါကသူ့အသံမသိဘဲ ဘယ်လိုလုပ်ပေးရမလဲ အသံပြောင်းတာတော့ ငါ့အသိဆရာဝန် တစ်ယောက်နဲ့မိတ်ဆက်ပေးမယ်
ငါ့မှာသူ့အသံရှိတယ် ဒီမှာ
Sehun ph ကိုထုတ်လိုက်ပြီး Luhan နဲ့ ph ပြောတုန်းက recording လုပ်ထားတာတွေ ဖွင့်ပြလိုက်တယ်

^Second Face^Where stories live. Discover now