^Second Face^ Part-8

4.1K 359 1
                                    

Luhan korea ကိုပြန်ဖို့စီစဉ်လိုက်တယ် ဒီအတွက် Sulli ကိုပဲ အကူအညီ တောင်းရတာပေါ့

ဟယ် Sulli သမီးလေး သားလေးနဲ့ တွေ့ဖြစ်လား

ရှင် arnyi!! မတွေ့မိဘူး သမီးလည်း ရှာကြည့်သေးတယ် ဒီရက်ပိုင်း အလုပ်တွေများနေတာနဲ့

အေးပါကွယ်

ဟိုလေ အန်တီ သမီး Luhan အခန်းထဲ ခဏဝင်ကြည့်ချင်တယ် ရမလား

သြော်...အင်း ရပါတယ်

တစ်ခါမှမဝင်ဘူးလို့ပါ Luhan ရှိနေရင် သူ့အခန်းထဲဝင်တာမကြိုက်မှာစိုးလို့ ပြီးတော့ သူဘယ်လိုပုံစံနေလဲဆိုတာ သိချင်လို့

ဟုတ်ပါပြီ ကဲ အပေါ်ထပ်တက်ကြည့်

Sulli Luhan အခန်းထဲဝင်ပြီ်း Luhan ပြောတဲ့အတိုင်း ဘီရိုသော့ထားတဲ့နေရာကသော့ယူ ပြီးတော့ဖွင့်ပြီး Luhan ပိုက်ဆံနဲ့ဘဏ်စာအုပ်ကို ယူလိုက်တယ် အဝတ်အစားတစ်ချို့ ရောပေါ့

အဲ ဒုက္ခပဲ အဝတ်ထုတ်ကြီးကို ဘယ်လိုသယ်မလဲ ဘယ်လိုလုပ်ရင် ကောင်းမလဲ

Sulli အကြည့်က ပြတင်းပေါက်ဆီ ...

အန်တီ သမီးသွားတော့မယ်နော်

အနောက်မှာထမင်းပွဲပြင်နေတဲ့ Luhan mama ထွက်လာပြီး

ဟယ် သမီးလေး ထမင်းစားသွားဦးလေ နောက်မှလာစားတော့မယ် အလုပ်ကိစ္စပေါ်လာလို့ပါ

ဒါဆိုလည်း မတတ်နိုင်ဘူးပေါ့ သမီးလေနဲ့အတူ ထမင်းစားချင်တာ

နောက်နေ့ကျအတူစားမယ်နော့် အန်တီ နေကောင်းအောင်နေနော် သမီးသွားပြီ

အေးပါ သမီးလည်း ဂရုစိုက်နော်

Sulli စိတ်မကောင်း Luhan လည်း သူ့mama အတွက်စိတ်ပူနေသလို Luhan mama ကိုကြည့်ရတာလည်း တော်တော်စိတ်ဆင်းရဲနေတဲ့ပုံ ရက်ပိုင်းလေးအတွင်းကို မျက်နှာတွေ ချောင်ကျလို့

Sulli အိမ်ထဲကထွက်ပြီး Luhan ပြတင်းပေါက်ရှိရာဘက်သွားလိုက်တယ် သူအပေါ်ကနေ ပစ်ချထားတဲ့ Luhan အဝတ်ထုတ်ကိုပိုက်ပြီး ကားရှိရာကို ပြေးပါလေရော

( သြော်..ချစ် unnie ရယ် ခ်ခ် )

Luhan ဒီမှာ နင်ပြောတာတွေ မှန်ရဲ့လား သေချာကြည့်

^Second Face^Where stories live. Discover now