^Second Face^ Part-21

3.3K 349 13
                                    

ထွက်ပြေးသွားတယ် ဟာကွာ တောက် ဟို ငနာတွေက ဘာလုပ်နေတာလဲ အခုရော ဘယ်မှာလဲ မလိုက်ကြဘူးလား

စိတ်အေးအေးထားပါ သူဌေး အဲ့နားမှာ ရဲတွေကင်းလှည့်နေလို့ သူတို့ငြိမ်နေ ရတယ်တဲ့

ရဲတွေကင်းလှည့်တာ သူတို့နဲ့ ဘာဆိုင်လို့လဲ

ဟို ဆရာခေါ်ထားတာက လူဆိုးတွေလည်း wanted အမိန့်ထုတ်ထားသူ တွေလည်းပါတယ် အခုက ပြန်ပေးဆွဲမှုလို ဖြစ်နေပြီလေဆရာ ပြီးတော့ အဲ့နားမှာ ယာဉ်တိုက်မှု ဖြစ်ထားတော့ လူတွေရှုပ်နေတယ်တဲ့

ကျွတ် သွားတော့ကွာ အာရုံနောက်တယ် Sehun စားပွဲခုံကို ထုလျက် အားးးးးးးးး အကျယ်ကြီး အော်လိုက်တယ် သူကအခုတော့ မကောင်းမှုလုပ်နေသူ ပြန်ပေးဆွဲမှု ဟုတ်တယ် သူ ကျူးလွန်နေတာလေ

Kris Kris မောဟိုက်နေတယ် ပြေးနေလို့လား လမ်းလျှောက်တာ များသွားလို့လား ဒါမှမဟုတ် လှေခါးထစ်တွေ အများကြီးတက်လိုက် ရလို့လား မဟုတ်ပါဘူး သူကြားခဲ့ရတဲ့ စကားတွေကို နားမလည်စွာဖြင့် မွန်းကြပ်မောဟိုက်နေတာပါ

Kris Luhan အတွက်ဝယ်လာတဲ့ လက်ဆောင်ပေးဖို့ မေ့ခဲ့လို့ ပြန်လာပေးရင်း ပြောနေတာတွေ ကြားသွားခဲ့တယ် ထောင့်တစ်နေရာမှာ ပုန်းလိုက်ပြီး ထိတ်လန့်နေခဲ့တယ်

သူ ကြားခဲ့ရတာက အခု သူတို့သိနေတဲ့ Luhan က Luhan ဆိုတဲ့လူကို ပြန်ပေးဆွဲတယ် အခုထွက်ပြေးသွားလို့ ဒေါသထွက်နေတယ် ပြီးတောူ့ဒေါသထွက်နေပုံက သူသိခဲ့တဲ့ အချစ်ဆုံး သူငယ်ချင်း Luhan ရဲ့ တည်ငြိမ်လွန်းတဲ့ ပုံစံနဲ့ အရမ်းကို ကွာလွန်းနေတယ်

ဘာတွေလဲ ဘယ်လိုစဉ်းစားရမှာလဲ ဘာတွေကြားမိမှန်းမသိသလို ဘာဆက်လုပ်ရမှန်းလဲမသိ Kris စိတ်ကိုငြိမ်အောင်ထားကာ တွေးနေမိတော့ နောက်ဆုံးအဖြေက အခုလက်ရှိ Luhan ကို သူမယုံတော့ဘူး သူဟာ Luhan မဖြစ်နိုင်ဘူး

ဟင် ဒါဆို သူကဘယ်သူလဲ Luhan နဲ့ ချွတ်စွတ်ပဲလေ အမူအကျင့်တွေက လွဲလို့ပေါ့ သူ့ဇနီးဖြစ်တဲ့ Sulli တောင်လက်ခံထားတာပဲ နောက်ဆက်တွဲ အတွေးကထွက်လာ ပြန်ရော

ဒီအချိန်မှာ Kris မှမရူးရင် ကျန်တဲ့သူ မရူးနိုင် ဟုတ်တယ် Kris တစ်ယောက် ရူးချင်နေတယ် ဆုံးဖြတ်ချက်တစ်ခု တော့ချလိုက်တယ် အဲ့ဒါက သူဒီမှာပဲ အခြေကျပြီး သူသိခဲ့တဲ့ Luhanုနှစ်ယောက်အကြောင်း စုံစမ်းမယ်

^Second Face^Where stories live. Discover now