^Second Face^ Part-11

4K 374 21
                                    

Luhan ချက်ချင်း Korea ကိုသွားဖို့ စီစဉ်တော့တယ် Papa Mama တို့ကို ပြောမနေတော့... အနီးဆုံးလေယာဉ်သာ စီးဖို့စိတ်အား ထက်သန်နေတယ် Sulli ကိုတော့ chingu ရဲ့ မိဘတွေ ဆုံးသွားတာပါလို့ အကြောင်းပြချက်ပေးရင်းးး

ကျွန်တော်ဒီလိုနေလို့ မဖြစ်ဘူး ဟုတ်တယ် ဖြစ်လာသမျှကို ရင်ဆိုင်နိုင်ဖို့ ခံနိုင်ရည်ရှိဖို့လိုတယ် appa ရဲ့ဆန္ဒကိုဖြည့်ဆည်းရမယ် ပြီးတော့....

Hun အေးစက်စက်ပြုံးလိုက်ကာ ပြောရရင် သိပ်ရက်စက်တဲ့ အပြုံးတစ်ခု နှုတ်ခမ်းထက် တွန့်ကွေးသွားပြီး....

Luhan မင်းကိုငါအရမ်းမုန်းတယ် ငါမကျေနပ်ဘူးးးးး

Hun နှစ်ရက်လောက် အခန်းထဲ ခွေနေပေမယ့် အခုတော့ လုပ်စရာရှိတာတွေအကုန်လုပ်ဖို့ အားမွေးပြီးထလိုက်တယ် ဒါပေမယ့် ခေါင်းကမိုက်ခနဲ အစားမစားတာ သုံးရက်ကျော်နေပြီလေ

Arjushi!!!

ဟာ Hun လေး

ကျွန်တော်အပြင်သွားမယ် ကားအဆင်သင့်လုပ်ထားပေးပါ

ဘယ်သွားမလို့လဲ အားမရှိတဲ့ပုံပဲ နားလိုက်ပါ Hun လေးရယ်

ကျွန်တော် company သွားမှရမယ်

ဟယ် Hun လေး

Nae..arjima!! ကျွန်တော်စားဖို့ တစ်ခုခု လုပ်ပေးပါ ပြီးတော့ အားဆေးရော ပေးပါ

ဟုတ်ပါပြီ အားရှိတဲ့အစားအစာတွေ ပြင်ထားလိုက်မယ်

Arjushi နဲ့ arjima နဲ့က လင်မဟားတွေ အိမ်တော်ထိန်း ဆိုလည်းဟုတ်တယ် Hun ကို မိဘနဲ့မခြား သားအရင်းလို ပြုစုစောင့်ရှောက်ပေးတဲ့သူတွေ ဆိုလည်းဟုတ်တယ်

Appa omma မရှိတာတောင် အိမ်မှာနေပြီး စောင့်ရှောက်ပေးနေတာ Hun အတွက်အားကိုးစရာ ယုံကြည်စရာဆိုလို့ ဒီနှစိယောက်ပဲ ရှိတော့တယ်

Hun ရေချိုးအဝတ်လဲ အစားစားပြီးတာနဲ့ ကားသော့ကောက် ဆွဲကာ company ကိုထွက်လာ လိုက်တယ် company ကဒီရက်ပိုင်း ပိတ်ထားတော့ လူမရှိ ဒါပေမယ့် ပြန်ဖွင့်ဖို့အတွက် စီစဉ်ရမယ်လေ

Hun သွားတော့ လုံခြုံရေးမှလွဲ၍ ဘယ်သူမှမရှိ Hun လည်း လုံခြုံရေးနားထိုင်ပြီး မေးချင်တာတွေ မေးလိုက်တယ် သူကလည်း company သူဌေးတစ်ယောက်အနေနဲ့ Hun ကို ရိုရိုသေသေဆက်ဆံတယ်

^Second Face^Where stories live. Discover now