^Second Face^ Part-25

3.2K 351 9
                                    

Luhan နေရာသိသိချင်း ပြေးတော့တာပဲ အနောက်မှာတော့ Kai နဲ့ Kris တို့အော်ဟစ်သံက ကျန်ခဲ့လေပြီ

Luhan လမ်းမပေါ်တက်ကာ Taxi ရှေ့ပိတ်ရပ်၍တားကာ Hun ဆီ အသည်းအသန် မောင်းခိုင်းပါတော့ သည် ဆေးရုံဝတ်စုံ ဖားယားဖားယား နဲ့ပေါ့

ခြံရှေ့ရောက်တော့ ခြံတံခါးလေးစေ့ရုံ စေ့ထားတယ် Luhan လည်း အမြန်ဝင်ကာ အိမ်တံခါးလေးကို ဆွဲဖွင့်ပြီး သေချာပါတယ် Hun ရှိနေမှာ တံခါးတွေအကုန်ဖွင့်ထားတယ်လေ

ကောင်လေးးး ကောင်လေးးး
Luhan အော်ခေါ်တော့
Hun လည်းအိပ်ခန်းထဲက ထွက်လာပြီး Luhan ကိုငေးကြည့်နေတယ်
Luhan အသံနဲ့ သူ့မျက်နှာနဲ့ ထူးဆန်းတဲ့လူသားလိုလို ဘာလိုလို

ဖြစ်ချင်တာဖြစ်ပါစေတော့ Luhan ကတော့ Hun ကို တင်းကြပ်စွာ ဖက်ထားမိပြီ Hun ကတော့ ကြောင်အနေဆဲ ပြီးမှသတိဝင်ကာ တွန်းထုတ်လိုက်သည်

Luhan ဒူးထောက်လျက်
Hyung ကိုခွင့်လွှတ်ပါ ကောင်လေး hyung မှားသွားပါတယ် hyung လေ hyung...
arrr.... ဘယ်က hyung လဲ ဘာကောင်လေးလဲ Yar....

Hun အတိတ်ရဲ့ လွှမ်းမိုးမှုနဲ့ မုန်းတီးနေမိတဲ့ အခေါ်အဝေါ်တွေကို ကြားနိုင်စွမ်းမရှိသောကြောင့် နီးစပ်ရာ နံရံကိုလက်သီးနဲ့ပိတ်ထိုးလိုက်သည်
မျက်ဝန်းတွေ ကြင်နာတဲ့အကြည့် ချိုသာတဲ့အသံ ဒါတွေကို မုန်းတယ်

ကောင်လေးး Luhan ကောင်လေးအနားကို ကပ်သွားတော့
သွားးးး ထွက်သွားး ခင်ဗျားထွက်သွား ဘယ်သူလဲ ခင်ဗျားဘယ်သူလဲ ဘာကြောင့်ရောက်လာတာလဲ

Luhan hyung ပြန်လိုက်ပါတော့ အခုအခြေအနေနဲ့ မဖြစ်ဘူး Kris hyung ခေါ်သွားလိုက်ပါ
အနောက်ကနေ ကားနဲ့အမှီလိုက်လာ တဲ့ Kai နဲ့ Kris တို့ဝင်ပါရပြီလေ Kris လည်း လက်မခံနိုင်သေးပေမယ့်ပြောသမျှယုံရမည့် အခြေအနေလေ

Kris Luhan ကိုဆွဲပြီးထွက်သွားပေမယ့် Luhan ကတော့ အနောက်ကို လှည့်ကြည့်လှည့်ကြည့်နှင့် Hun ကတော့ ဒေါသမျက်ဝန်းတို့နှင့် စိုက်ကြည့်လျက်

Hun ya စိတ်ထိန်းလေ သူငယ်ချင်း
Kai က Hun ပခုံးကို ဆုပ်ကိုင်၍ ဖြေသိမ့်နေတယ်
Hun စိတ်တွေလျှော့ချလိုက်ပြီးမှ
ငါ့မျက်နှာနဲ့ ခုနကလူက
Luhan hyung ပဲ Hun
ဘာ!!! ဘယ်လိုဖြစ်ပြီးး

^Second Face^Where stories live. Discover now