^Second Face^ Part-7

4K 358 4
                                    

Hun TV ရှေ့ ကျောက်ရုပ်ပမာ ငြိမ်သက်လျက် ပါးပေါ်သို့ ကျဆင်းလာသော မျက်ရည်စက်တွေ နားထဲမှာကြားနေရတဲ့ အသံနဲ့ မျက်စိရှေ့မှာတွေ့နေရတဲ့ ပုံရိပ်တွေ TV ကသတင်းတစ်ခုကြောင့် ကျွန်တော့်မျှော်လင့်ချက်တွေ ပျောက်ဆုံးကုန်ပြီ

Hyung....ဒါကြောင့် ကျွန်တော့်ဆီ ရောက်မလာတာလား Hun မဲ့ပြုံးလေးပြုံးလိုက်ပြီး မလာနိုင်တာကို ဘာလို့ကတိတွေပေးပြီး စောင့်ရအောင် လုပ်ခဲ့တာလဲ Wae???wae?? ပြီးပြီပေါ့ ကျွန်တော်တို့နှစ်ယောက်ရဲ့ အမှတ်တရတွေက ခုတော့ဘာမှမဟုတ်တော့ဘူးပေါ့

Arnyi!!! မဟုတ်သေးဘူး ဒါ rumor ပါ ဟုတ်တယ် rumor Hyung ပြောပါဦး hyung ကျွန်တော်ယုံရမှာလား မယုံဘူး မဖြစ်နိုင်ဘူး Hun ရင်တွေနာကျင်နေပြီ hyung ကို ကျွန်တော် ပြောချင်တဲ့ စကားလေးတောင် မပြောရတော့ဘူး လား .....

The Moon company မှ သူဌေးလေး Luhan နဲ့ The Sky company မှ Sulli တို့ မကြာခင် စေ့စပ်ကြောင်းလမ်း တော့မယ့်ဆိုတာကို The Moon company မှ သူဌေးကြီး ကိုယ်တိုင် ပြောပြထားပါတယ်

တောက် .....Luhan Sulli ရှေ့ချထားတဲ့ အအေးခွက်ကိုကိုင်ပြီး TV screen သို့ ပစ်ပေါက်လိုက်တယ် Sulli လန့်ပြီးကြောင်ကြည့်နေတုန်း

အမယ်လေး သားလေး ဘာဖြစ်လို့လဲ သား သားလေး

Mama ခေါ်နေပေမယ့် Luhan အိမ်ထဲက ထွက်လာလိုက်တယ် အိမ်ပေါက်ဝရောက်တော့ အစောင့်နှစ်ယောက်ရဲ့ ဖမ်းချုပ်ခြင်းကို ခံရပါရော

တောက် လွှတ် ငါ့ကိုလွှတ်လို့ ပြောနေတယ်လေ ဟာ.... ခွပ် ခွပ် Luhan အစောင့်တွေရဲ့ မျက်နှာပေါ် လက်သီးတွေ တစ်ချက်ပြီးတစ်ချက် ဆင့်ထိုးနေတယ်

နောက်ကနေ လိုက်လာတဲ့ Sulli နဲ့ mama တောင်ကြောင်ကြည့်နေကြတယ် ဒေါသကြောင့် မျက်လုံးတွေနီရဲနေပြီး ချွေတွေရွှဲလို့

မောဟိုက်နေလို့ ရင်ဘတ်အစုံ နိမ့်ချည်မြင့်ချည်

လမ်းမပေါ်ပြေးရင်း ပြေးရင်း လဲကျသွားတယ် ဘယ်လောက်တောင် ပြေးလာလိုက်လဲမသိ လူကတော်တော်ပန်းနေပြီ စိတ်ကိုလျှော့ချလိုက်တော့ မျက်နှာပေါ်က ချွေးစက်တွေကြား မျက်ရည်တွေက ကျဆင်းလာတယ်

^Second Face^Where stories live. Discover now