ဒီနေ့ပုံမှန်နေ့တွေထပ်စောစောနိုးလာတယ်
အိပ်ယာကနိုးနိုးချင်း
ခပ်မြန်မြန်ပြင်ဆင်ပြီး
ကားလေးကိုမောင်းလာခဲ့လိုက်တယ်
ဝယ်နေကြပန်းဆိုင်လေးရှေ့မှာပဲကားကိုရပ်ပြီး
ဆိုင်ထဲဝင်လိုက်ပြီဆိုရင်ပဲ"လူလေးမင်းအတွက်အဆင့်ပဲ"ဆိုပြီး
လှမ်းပြောတဲ့ဆိုင်ရှင်အန်တီကြီးရဲ့အပြောကို
ခပ်ရေးရေးလေးပြုံလို့
ခေါင်းေလးငြိမ့်ပြီးပြန်ဖြေလိုက်တယ်
ပန်းစီးလေးကိုယူပြီးဆ်ုင်ထဲကထွက်ခါနီး
ဆိုင်ရှင်အန်တီရဲ့"မင်းချစ်သူကမင်းကိုရတာသိပ်ကံကောင်းတယ်"ဆိုတဲ့စကားလေးကို
သူကြားခဲ့ရတာ တစ်ပတ်ကိုတစ်ခါနဲ့၅နှစ်ရှိခဲ့ပြီ
ပြုံးပြပီးကားပေါ်ကိုခပ်သွက်သွက်မောင်းလာခဲ့လိုက်သည် ကောင်းကင်ကညို့မှိုင်းလာတဲ့မိုးနဲ့အတူသူ့မျက်ဝန်းထဲကမျက်ရည်ဥတချို့ကလဲ
တွဲခိုလာတယ် တပြိုင်ထဲနားထဲပြန်ကြားလာတဲ့စကားလေး "ဒေါက်တာကျန့် မျက်ရည်မကျရဘူးနော် ဒေါက်တာကကျနော့ကြောင့်မျက်ရည်ကြရင် ကျနော့ရင်တွေနာတယ်"
ဟုတ်သားပဲသူမေ့လိုဘယ်ရပမလဲ
သူ့ကလေးကသူ့ကိုမငိုဖို့ပြောထားတာပဲ
ကျချင်နေတဲ့မျက်ရည်စတချို့ကို မျက်လုံးလေးအပေါ်လှမ်လို့မျက်တောင်လေးခပ်ခါဖယ်ရှားမိတယ်ပြီးတော့ပြုံးလိုက်တယ်
သူရောက်လာခဲ့ပါပြီ သူ့ရဲ့အချစ်ရဆုံးသူလေးရှိတဲ့နေရာလေးကိုပေါ့
ကားလေးရပ်ခါလမ်းလေးနည်းနည်းလျှောက်လိုက်ပြီ တောင်ကုန်းထိပ်ကိုတက်လိုက်တယ်ဆိုရင်ပဲ ဟောတွေ့ပါပြီ...
❤️❤️❤️❤️
💚💚💚💚
ကျနော့ရဲ့ ပထမဆုံးဖန်တီးမှုလေးပါနော်
မေကာင်းပေမဲ့လဲ ကြိုးစားမှုလေးကိုတော့အသိမှတ်ပြုပေးကြပါနော်
YOU ARE READING
အဆုံးအစမရှိလေသော
Fanfictionဒီficလေးကို ဖန်တီးမှုတခုအနေနဲ့သာသဘောထားပြီးဖတ်ပေးကြပါနော်