ဟောတွေ့ပါပြီ...
သူ့ရဲ့ချစ်သူလေး အနားအသာလျှောက်သွားပြီး သစ်ရွက်ခြောက်တွေကိုဖယ်ရှားရင်း ရှေ့ကသစ်ပင်ကြီးကို လက်ညိုးထိုးကာ"မင်းကို ငါဘယ်နှစ်ခါပြောပြောမရပါလား ငါ့ချစ်သူလေးကအသန့်အရမ်းကြိုက်တာ မင်းကိုဒီမှာထားတာ ငါ့ကလေးနေပူမှာဆိုးလို့ မင်းအမှိုက်ဖွဖို့မဟုတ်ဘူး"လို့
ခပ်စက်စက်လေးဟောက်မိတယ်
ပြီးတော့ပါလာတဲ့နှင်းဆီအဖြူရောင်ပန်းစီးလေးကို အုပ်ဂူစိမ်းဖြော့ဖြော့လေးပေါ်တင်ပီး အလှဆုံးပြုံးပြလိုက်တယ်
သူ့ကလေးကသူ့အပြုံးတွေကို
သိပ်ချစ်တာလေ ပြီးတော့ ..
သူကလေးကိုအရမ်းလွမ်းတဲ့
အကြောင်းတွေပြောတယ်
ဒီတစ်ပတ်အတွင်းကြုံခဲ့ရတ
ာေဆးရံုကအကြောင်း
လမ်းကအကြောင်း
ဘယ်လိုလူနာတွေနဲ့တွေခဲ့တယ်ဆိုတဲ့အကြောင်း ကလေးအမြဲစနောက်ခဲ့တဲ့ ဒေါက်တာကျန်းချန်ရဲ့
အလွဲလေးတွေပြောပြခဲ့တယ်
ပြီးတော့ နောက်အပတ်သူပြန်လာအုံးမယ်လို့ကတိပေးပြီး အုတ်ဂူထိပ်မှာရေးထားတဲ့ ဝမ်ရိပေါ် ဆိုတဲ့ စာလေးကိုအနမ်းခြွေပြီး
နှုတ်ဆက်ကာပြန်ထွက်လာခဲ့တယ် သူဒီကိုအပတ်တိုင်းလာခဲ့တာ အခုဆို၅နှစ်ပြည့်သွားခဲ့ပြီလေအရင်ချိန်တွေကိုပြန်စဉ်းစားပြီး....မျက်ရည်မကျဖို့တင်းထားတဲ့ကြားက ကျလာတဲ့မျက်ရည်တွေကလဲ ကို့ဘဝထဲက ထွက်မသွားဖို့ထားခဲ့ရတဲ့ ကလေးလိုပဲ ကို့ပြောစကားကိုနားမထောင်ပြန်ဘူးကွာ....
အတိတ်နေ့ရက်တွေစီသို့.....…
######################
❤️❤️❤️❤️
💚💚💚💚
အကောင်းဆုံးတော့ကြိုးစားထားတာမို့ ဖတ်ပေးစေချင်ပါတယ်ဗျာ
YOU ARE READING
အဆုံးအစမရှိလေသော
Fanfictionဒီficလေးကို ဖန်တီးမှုတခုအနေနဲ့သာသဘောထားပြီးဖတ်ပေးကြပါနော်