ဒီနေ့တော့ ဆုံးဖြတ်ချက်တခုကို ရှောင်ကျန့်အခိုင်မာချလို့ ကောင်လေးအခန်းဘက်လျှောက်လာခဲ့တယ်
"ဒေါင်တာရှောင် လာတာနဲ့အတော်ပဲ တိတိက ဒေါက်တာကိုမေးနေလို့အခုပဲလာခေါ်မလို့ "
အခန်းနားမှာ ရိပေါ်ကောနဲ့စကားပြောနေတုန်း အခန်းထဲက ဝမ်မားနဲ့ဝမ်ပါးတို့ထွက်လာတယ်" ဒေါက်တာရှောင်အခန်းထဲဝင်သွားလိုက်ပါ " တုန်ယင်နေသောအသံနဲ့ ဝမ်ပါးကလှမ်းပြောတယ်
ရှောင်ကျန့်လဲဘာစကားမှမပြောတော့ပဲ အခန်းထဲအမြန်ဝင်လာလိုက်တယ်
ရိပေါ် ကုတင်ဘေးဝင်ထိုင်လိုက်တော့ ဖြည်းဖြည်းချင်းဖွင့်လာတဲ့မျက်လုံးလေးနဲ့ စကားပြောဖို့ အားယူနေဟန်ပွင့်ဟလာသောနှုပ်ခမ်းလေးကိုကြည့်ကာကျနော်ဘက်ကစပြီး"ကောင်လေး ကိုယ်ပြောစရာရှိတယ် ကိုယ်အရင်ပြောမယ်နော် "
"........."
"ကိုယ် ....ကိုယ် ရိပေါ်ကို ချစ်တယ် ..."
ဒီစကားကိုမငိုပဲပြောဖို့ကြိုးစားသော်လဲ အလိုက်မသိစွာ အတားအစီးမဲ့ ပါးပြင်ပေါ်သို့စီးကျလာသောမျက်ရည်
(ကျွတ် ...ဒီမျက်ရည်တွေကိုကောင်လေးကမကြိုက်ပါဘူးဆိုမှကွာ)
ပိန်ပါးပါးလက်ချောင်းလေးတွေက ကျနော့ ပါးပြင်သိ့ဦးတည်တယ်
"ကျနော် ဒီည ကြယ်လေးတွေကိုကြည့်ချင်တယ် "
"အင်း.....အင်း ကိုယ်လိုက်ပို့ပေးမယ် "
"ကောင်လေးစကားပြောရတာမောနေေလ့မယ် ခဏနားအုံးနော် ကောခဏနေ ညနေစောင်းတော့မှာ လာခေါ်မယ်နော် "
ခပ်ဟဟလေးပြုံးကာခေါင်းညှိပ်ပြပြန်တယ်
စို့နင့်လာတဲ့ အရင်ဘက်အစုံကြောင့် အသက်ရှူဖို့ဆိုတာကလဲ ဘာမှန်းရယ်မသိပါ ဒီအခြေနေကိုရောက်လာမယ်ဆိုတာ ကြိုသိနေပါလျှက် လက်လွှတ်ဖို့ခတ်ခဲပြန်တယ် အချစ်ဆိုတာကလဲ ဆန်းကြယ်သား ဆုံးရှုံးရမယ်ဆိုတာ သိနေပေမဲ့လဲ တားစီးမရပြန်ဘူး (မဟုတ်ဘူး)မတားစီးခဲ့တာဆိုပိုမှန်လေ့မည် ။ ကိုချစ်တဲ့လူတစ်ယောက်ကို မပိုင်ရနိုင်ပေမဲ့ ချစ်တဲ့အကြောင်းကိုတော့ပြောသင့်တယ်မလား ကျနော့ဘဝမှာဘယ်တော့မှကောင်လေးကိုချစ်မိလို့နောင်တရမှာမဟုတ်ဘူး အခုလိုဖွင့်ပြောမိချင်းအတွက်ရောပေါ့ နောက်ဘဝဆိုတာ မယုံကြည့်ခဲ့တဲ့ကျနော်က ကောင်လေးကြောင့် နောက်ဘဝတွက်ကြိုဆုတောင်းတယ်
နောက်ဘဝ ဆိုတာရှိခဲ့ရင် ကျမ်းကျမ်းမာမာနဲ့ ပျော်ရွှင်တဲ့ဘဝမှာ ကိုယ်ချစ်ရတဲ့ကောင်လေးဖစ်ပေးပါကွာ ............##################
စွန့်ခွာသွားရမဲ့ လူတစ်ယောက်က ကျန်ခဲ့မဲ့သူကိုဘယ်အရာတွေနဲ့များ နှစ်သိပ်ပေးနိုင်မည်နည်း
❤️❤️❤️❤️❤️
💚💚💚💚💚
YOU ARE READING
အဆုံးအစမရှိလေသော
Fanfictionဒီficလေးကို ဖန်တီးမှုတခုအနေနဲ့သာသဘောထားပြီးဖတ်ပေးကြပါနော်