..............
ရှောင်ကျန်းမနေ့ညက ဂျူတီပြီးထဲကအခန်းမပြန်ပဲ ဆေးရုံနားနေဆောင်မှာအိပ်နေချင်းဖြစ်သည်
ဝုန်း!!!..
အခန်းတံခါးစောင့်ဖွင့်သံကြားလို့ မျက်လုံးဖွင့်ကြည့်မိတော့ တလွဲတွေပဲရွေးလုပ်တက်သော သူငယ်ချင်းကြီးကျန်းချန်ရယ်ပါ
ဒူးနှစ်ဖတ်ပေါ်လက်ထောက်ပြီးခါးကိုကုန်းကာ အသက်လုရှူနေသောငမွေထိုးကိုကြည့်ပြီး ကျနော်မေးလိုက်သည်က
"ဘာပြသနာရှာခဲ့ပြီလဲ"
ကျန်းချန်နဲ့ကျနော်က ဆေးကျောင်းတက်ထဲက အဆောင်အတူတူနေခဲ့ကြတာ တလွဲလုပ်တက်တာနဲ့ ပါးစပ်လေးနည်းနည်းကြမ်းတာကလွဲပြီး
ကျန်တာအကုန်သူနဲ့အတိုင်အဖောက်ညီသူမို့
ရှောင်ကျန့်နဲ့အတွဲမိခဲ့ကြသည်
ကျောင်းပြီးတော့လဲဆေးရုံတခုထဲမို့
ရှောင်ကျန့်အဖော်ရခဲ့သည်သာ...
"ရှောင်ကျန့် မင်းမနက်စာစားပြီးပြီလား"
"ဟမ်..မင်းအသည်းသန်ပြေးလာပြီးပြောတာ မနက်စာစားဖို့ကိစ္စလား"
စကားပြောနေတုန်း အခန်းပေါက်မှာလူရိပ်မြင်လို့ကြည့်လိုက်တော့ ဆေးရုံအုပ်ကြီးရယ်ပါ မျက်လုံးပြူးကာ ကျန်းချန်ကိုကြည့်နေချင်းသာ
ငမွှေထိုးဘာလုပ်လာပြန်ပီလဲမသိပေမဲ့ ကြာကြာထားရင် ဆေးရုံအုပ်ကြီးအကြည့်နဲ့
ပြာကျတော့မဲ့ငမွှေကောင်ကိုသနားလို့
မိမိသာ စကားစလိုက်ရသည်
"ဆေးရုံအုပ်ခင်ဗျ ဘာများဖစ်လို့လဲ အခန်းထဲဝင်ပါအုံး" ရှောင်ကျန့်အတက်နိုင်ဆုံးချိုသာကာပြောလိုက်တော့မှ အခန်းထဲဝင်လာပြီးရှောင်ကျန့်ဘက်လှည့်ကာ"ဒေါက်တာရှောင်ကို ခေါ်ခိုင်းလိုက်တာ ရောက်မလာတဲ့အဆုံး ကိုယ်တိုင်ပဲလာပြောရတာ"
ကျန်းချန်မှ သွားဖြဲလေးနဲ့
"သူ့ကိုလာခေါ်ရင်းလမ်းမှာလူနာတစ်ဟောက်က အိမ်သာသွားချင်တယ်ဆိုလို့လိုက်ပို့ပြီး
ဗိုက်ဆာလာတာနဲ့ကန်တင်းမှာမနက်စာသွားစားလိုက်တာ စားနေရင်းသတိရလို့ အခုပဲအပြေးလာပြောတာပါ "
"တော်ပီ ...ဆင်ခြေတွေမကြားချင်ဘူး"ဒေါက်တာရှောင် မနက်ဖြန် VIPခန်းကို လူနာတစ်ယောက်ရောက်မယ် အဲ့ဒါ ဒေါက်တာရှောင်တာဝန်ယူပေးရမယ် "
သူပြောချင်တာပြောပြီး အခန်းထဲကထွက်သွားသော ဆေးရုံအုပ် ကျောပြင်ကိုကြည့်တာ ဆံပင်တွေကိုထိုးဖွလိုက်ရင်း ငမွှေထိုးကိုကြည့်လိုက်တော့ နှာခေါင်းကိုရှုံ့ကာ မဲ့ရွဲ့နေသည်
"မင်းမျက်နှာ ဘာဖစ်နေတာလဲကွာ "
"အခုမှသတိရတယ် မနက်စာဒီတိုင်းကြီးထားခဲ့မိတယ် သွားစားလိုက်အုံးမယ်" ပြောကာပြန်ပြေးထွက်သွားလေသည်
ရှောင်ကျန့် ပြောချင်စိတ်မရှိတော့တာနဲ့ပြန်အိပ်ဖို့ပဲတွေးလိုက်ေတာ့တယ် ....
########################
❤️❤️❤️❤️
💚💚💚💚
လိုင်းမကောင်းတာနဲ့ တစ်ပိုဒ်တစ်ပိုဒ်မနည်းတင်နေရတယ်
YOU ARE READING
အဆုံးအစမရှိလေသော
Fanfictionဒီficလေးကို ဖန်တီးမှုတခုအနေနဲ့သာသဘောထားပြီးဖတ်ပေးကြပါနော်