သံယောဇဉ်မထားချင်ဘူး မတွယ်တာချင်ဘူး နောက်ဆုံး ခင်ဗျားကိုကျနော် မထားခဲ့ချင်ဘူး
ဒါပေမဲ့ နောက်ဆုံးချိန်ထိ ခင်ဗျားနားမှရှိချင်တယ်
အရမ်းချစ်တယ် ဟုတ်တယ် ကျနော် ခင်ဗျားကိုအရမ်းချစ်တယ် ကျလာတဲ့မျက်ရည်စတွေကို ခေါင်းအုံးနဲ့ဖိကပ်လိုက်တယ် အိပ်စက်ဖို့ မျက်လုံးကိုမှိတ်ချလိုက်တော့ တံခါးဖွင့်သံနဲ့အတူ"သားငယ်....."
".ဝမ်လေး....."
"တိတိ......""ဟတ် ..ဘယ်သူကခေါ်လို့လာကြတာလဲ အလုပ်တွေပြစ်ထားလို့မရဘူးမလား ပြန်ကြတော့"
တစ်ချက်ရယ်ကာ အခန်းထဲခုမှဝင်လာတဲ့ ပါးပါး မာမားနဲ့ ကောတို့ကို နှင်ထုတ်လိုက်ချင်းပါ
"ကောင်လေး ....ကိုယ်ခေါ်လိုက်တာ ကောင်လေးလဲ မိဘတွေကိုတွေ့ချင်မယ်လို့ကိုယ်ထင်တယ် ""ဝမ်လေး မားတို့တောင်းပန်ပါတယ် မားတို့ပြစ်ထားသလိုဖစ်သွားတယ်"
"မားတို့ကြိုးစားနေတယ်ဆိုတာက ငယ်ငယ်ထဲကချူချာလွန်းတဲ့ သားငယ်အတွက်ပါကွယ် "
"ဘာလို့များ ကောတို့ကို အစောထဲကမပြောပြခဲ့တာလဲကွာ " ဝမ်ပါးကတော့ လက်သီးကိုတင်းတင်းဆုတ်ကာအသံတိတ်မျက်ရည်ကျတယ်"မတောင်းပန်ပါနဲ့မား ကျနော်လိုချင်တာ ဂရုစိုက်မှုတစ်ခုထဲပါပဲ မားတို့ကြိုးစားခဲ့လဲ အခုကျနော့တွက် ဘာမှအသုံးမဝင်တော့ပါဘူး ""
"...ကော .....ကောမှတ်မိလား ကျနော်ဖုန်းဆက်တော့ ဘာဖစ်နေတာလဲ ငါမအားဘူးဆိုပြီးဖုန်းချက်ခဲ့တဲ့နေ့ကို "
"မားတို့ကိုခွင့်လွှတ်ပါ ဝမ်လေးရယ် မားတို့ကိုစိတ်နာသွားပြီလားဟမ် သားလေး"
"ကျနော် စိတ်မနာပါဘူး ကျနော့ကြောင့်နောင်တရမနေကြပါနဲ့တော့ဘာမှ မထူးတော့ပါဘူး ......ကျနော်အိပ်ချင်ပြီ "
မားတို့ဘက်ကျောပေးကာ ပြန်အိပ်သွားသော ရိပေါ်ကျောပြင်လေးဟာ တသိမ့်သိမ့်တုန်ယင်ကာနေသည်......
အခန်းပေါက်ဝမှာ တစ်ချိန်လုံးငြိမ်နေသော ရှောင်ကျန့်မှ ဝမ်မားဘက်သို့လှည့်ကာ...
"အားရီတို့ ကောင်လေးနားပါစေ ကျနော်နဲ့ ခဏလောက်လိုက်ခဲ့ကြပါ "
သူခေါ်ရာသို့ ဘာစကားမှမဆိုပဲ လိုက်လာကြသော
ဝမ်မိသားစု ရှောင်ကျန့်ရုံးခန်းထဲသို့ ရောက်တယ်ဆိုရုံပဲ
"ဘယ်အချိန်ထဲကလဲ ..ဘယ်အချိန်ထဲက သူဒီကိုရောက်နေတာလဲ"
"သူဒီကိုရောက်တာတစ်လပြည့်တော့မယ် ၃လလောက်ပဲခံတော့မဲ့ကောင်လေးက အခုချိန်ထိ
ကြံခိုင်နေသေးတယ် ....ခင်ဗျားတို့သာစောစောသိခဲ့မယ်ဆိုရင် ပထမအဆင့်မှာထဲက သူကုသလို့မှီခဲ့မှာ "သူ့ကိုပြုံးပျော်နေတာလေးပဲမြင်ချင်ခဲ့တာ သူ့ကိုပျော်ရွှင်အောင်ထားပေးကြပါ ကျနော်တောင်းဆိုတာပါ "
ငိုမြဲငိုနေတဲ့ဝမ်မားကို ဝမ်ပါးကထိန်းလို့ သားဖစ်သူကိုအချစ်တွေထုတ်မပြပဲပြစ်ထားခဲ့မိတဲ့ ကို့ကိုယ်ကိုအပြစ်ထင်လို့ ရိပေါ်အကိုကတော့ နရံကိုလက်သီးနဲ့တစ်ချက်ထိုးကာ ကောအပြစ်ဟုဆိုတာ အော်ငိုတယ်
..........................................အိပ်ချင်ယောင်ဆောင်နေသောကောင်လေးကတော့
ငိုရင်း ချောင်းဆိုးတော့ ကျလာတဲ့ သွေးစက်တချို့ကြောင့် သူ့ကိုယ်သူသာအပြစ်တင်တယ်
အရင်ကကျနော်မရှိလဲဘာမှမဖစ်ဘူးပြောခဲ့ပေမဲ့
အခုတော့ သူမရှိရင်နာကျင်ရမဲ့သူတွေကများလာပြီမို့ သူအတက်နိုင်ဆုံး ကြာကြာနေသွားပါမယ်လို့
သူ့ကိုယ်သူကတိပေးတယ် ပြီးတော့အိပ်စက်ချင်းစီသို့-----
❤️❤️❤️❤️❤️
💚💚💚💚💚
ဒီနေ့မတင်တော့ဘူးလို့စဉ်းစားပေမဲ့
စိတ်ကူးပေါက်လာတာနဲ့လာတင်ပေးတာ
လက်သက်သာလား လာမေးနေမှာဆိုးလို့
သက်သာပါတယ်နော် မမေးမှန်းသိလို့ 😁😁
YOU ARE READING
အဆုံးအစမရှိလေသော
Fanfictionဒီficလေးကို ဖန်တီးမှုတခုအနေနဲ့သာသဘောထားပြီးဖတ်ပေးကြပါနော်