part 4❤️💚

542 29 1
                                    

ဒီနေ့ ဆေးရုံအုပ်ကြီးပြောတဲ့ VIP ဆိုသောလူနာကိုကြည့်ရန် ဆေးရုံသိုစောစောထွက်လာခဲ့လိုက်တယ်
ဆေးရုံထဲဝင်လိုက်တယ်ဆိုရင်ပဲ အပြေးတပိုင်းရောက်လာသူကတော့ ကျန်းချန်ပါ

"ကဲ့ငမွှေထိုး ဘာပြာယာခပ်နေပြန်ပြီလဲ"

"ဟော...ဟဲ..ဟော...ဟဲ...မင်း..မင်းကို ဆေးရုံအုပ်ပြောခိုင်းလိုက်တယ် လူနာအခန်းထဲမှာရောက်နေပြီတဲ့"

"အေး ငါအိတ်ထားပြီးသွားလိုက်မယ်"

အခန်းသို့အမြန်သွားကာ လက်ဆွဲအိတ်ကိုစာပွဲပေါ်တင်ပြီး အနားက ဂျူတီကုတ် ကိုဆွဲယူတာ ဝတ်လိုက်သည် ဂျူတီကုတ်နဲ့ ရှောင်ကျန့်ဟာ ကောင်းကင်က နတ်ဆေးသမားတော်လေးအလား ချောမောခန့်ညားသည် အသက် ၂၇နှစ်သာဆိုတယ် ဆယ်ကျော်သက်အလား နုပျိုလို့နေသည့်သူက ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ရယ်ပါ ပြုံးလိုက်တိုင်းလှုပ်သွားတဲ့မှဲ့နက်ကလေးကပိုပီးပြည့်စုံစေသည် ထိုအပြုံးကြောင့်ပဲ ရောဂါတစ်ဝက်သာသာတယ်လို့
သူကုခဲ့ဖူးသောလူနာများကဆိုသည်
ရုပ်ချောရုံတင်မရပဲ စိတ်သဘောထားပါပြည့်ဝသည်မို့ လူတိုင်းကချစ်ခင်ကြသည်သာ
ရောက်ပါပြီ သူကုရမဲ့ VIPအခန်းရှေ့ သူ့ကိုယ်သူတစ်ချက်ငုံကြည့်တာ အကျီကိုအနည်းငယ်ဆွဲချလိုက်ပြီး တံခါးကိုခေါက်လိုက်ပြီး

"ဒေါက်..ဒေါက်  "
"ကျနော် ဒေါက်တာရှောင်ကျန့်ပါ ဝင်ခဲ့လို့ရမလား"

ကို့လူနာအခန်းဆိုပေမဲ့လဲ လူမှုရေးရှိသည်မို့ခွင့်တောင်းလိုက်သည် ခဏငြိမ်နေပြီးမှ

"ဝင်ခဲ့"

ဩောရှရှအသံ‌ေလး တနည်းပြောရရင်ယောကျာ်းလေးတစ်ယောက်ရဲ့အသံ
တံခါးဖွင့်ဖွင့်ချင်းပဲ
မြင်လိုက်ရတဲ့ ကောင်ငယ်လေး
အသားဖြူစွတ်စွတ်လေးနဲ့
ဆံပင်ရွှေအိုရောင်လေးကို
သိုး‌ေမွှးဦးထုပ်‌ေလး‌ေစာင်းထားကာ
ခပ်ဖြော့ဖြော့ နှုပ်ခမ်းပါးလေးနဲ့
နှာခေါင်းလုံးလုံးလေးရယ်
ပါးဖောင်းဖောင်းလေးရယ်

ဒါပေမဲ့ စိတ်အလိုမကျသလို
မျက်ခုံးနှစ်ဖတ်ကို တွန့်နေအောင်ကျုံ့ထားသည်တိုင်အောင်
ထိုအကောင်ငယ်လေးကချစ်စရာအတိ ရှောင်ကျန့်တစ်ချက်ပြုံးလိုက်ကာ မိတ်ဆက်လိုက်သည်

"ကို့ နာမည် ရှောင်ကျန့်ပါ မင်းကိုတာဝန်ယူကုသပေးမဲ့သူပါ"
"အင်း"
"မင်းနာမည်ကရော"
"........"

ပြန်အဖြေဘူးဗျာ
ကျနော်သူ့နာမည်မေးတာကို
ကျနော်လဲမထူးတော့ပါဘူးလို့တွေးပြီး ဘေးကစာပွဲခုံမှတင်ထားတဲ့လူနာမှတ်တန်းကိုသာယူကြည့်လိုက်တော့သည်
"အော်..မင်းနာမည်ကဝမ်ရိပေါ်ကို...ဟာ မင်းဆေးလဲပုံမှန်မသောက်ဘူးပဲ"
"......"

သူတစ်ယောက်ထဲသာစကားပြောနေချင်းဖြစ်သည်
သူလဲဘာမှမ‌ပြောတော့ပဲဆေးမှတ်တန်းကိုပြန်စစ်နေလိုက်သည် ခဏအကြာ သူမျက်လုံးပြူးသွားရသည်
အကြောင်းကတော့ .......
❤️❤️❤️❤️❤️❤️❤️
💚💚💚💚💚💚💚
အကုန်လုံးကိုချစ်တယ်နော် အခုချိန်အစစအရာရာဂရုစိုက်ကြပါ

အဆုံးအစမရှိလေသောWhere stories live. Discover now