နေ့ခင်းထမင်းစားချိန် ကျနော်ကောင်လေးအခန်းသို့
ထွက်လာခဲ့လိုက်တယ်
"ဒေါက် ဒေါက် "
................"ဒေါက် ဒေါက် "
ပြန်ဖြေသံမကြား တံခါးနားကပ်နားထောင်တော့လဲ
ဘာသံမှမကြားရတော့ တော်တော်လေးစိုးရိပ်သွားခဲ့တာနဲ့ တံခါးကိုဆွဲဖွင့်လိုက်ကာ မြင်လိုက်ရတဲ့အရာလေးကြောင့် သက်ပြင်းချနိုင်တော့တယ်
နှစ်နှစ်ခြိုက်ခြိုက်ကိုအိပ်ပျော်နေတာပဲ
အနားအသာလျှောက်သွားပြီး ခုံကိုဆွဲကာ ခုတင်ဘေးဝင်ထိုင်လိုက်တယ်ဆိုရင်ပဲ
ပက်လက်အနေအထားနဲ့အိပ်နေတဲ့ထိုကောင်လေးကို သေချာကြည့်မှ မျက်ခုံးတန်းတန်းလေးကကြုံထားတုန်း
"ဒီကောင်လေး ဘာတွေများ စိတ်မအလိုမကျဖစ်နေတာလဲ"
ပါးစပ်ကလဲပြောရင်း ကြုံ့နေတဲ့မျက်ခုံးလေးတွေကို လက်မလေးနဲ့ အသာနှိပ်ပေးလိုက်တော့ မျက်လုံးလေးတွေပြန်တန်းသွားတယ်
" အဲ့လိုပဲနေပါ ကောင်လေးရယ် မင်းကတကယ်ဖြူစင်ပါတယ် "
"အင်း....
စကားသံကြားလို့ ကြိမ်းစက်နေတဲ့ မျက်လုံးကိုအားယူဖွင့်လိုက်တယ်ဆိုရင်ပဲမြင်လိုက်ရတဲ့ ခန့်ညားပြီးရှင်းသန့်နေတဲ့ မျက်နှာလေး" အာ မင်းနိုးလာပြီလား "
"အွန်း."
"မင်းနေရတာအဆင်ပြေရဲ့လား "
"အင်း"
"မင်း သောက်ဖို့ဆေးလာပေးတာ ..ဒါနဲ့ မင်းဘာစားပြီးပြီလဲ"
"ဟင့်အင်း"
"ဘာ..မင်းလူနာစောင့်မရှိဘူးလား"
"......"
"ကျွတ် မင်းဘယ်မှာနေလဲ ဆေးမှတ်တန်းမှာ မင်းလိပ်စာရေးမထားဘူး "
".....…"
"ဟင် မင်းနှာခေါင်းသွေးထွက်နေပြီ "
စိတ်ထပ်လက်ကမြန်တဲ့ကျနော်က အနားကတစ်သျှူးယူပြီး သူ့နှာခေါင်းကသွေးတွေကိုသုတ်ပေးပြီးသား
########တစ်သျှူးယူပြီး နှာခေါင်းကသွေးေတွကို
သုတ်ပေးနေတဲ့ သူ့မျက်နှာက စို
းရိမ်မှုအပြည့်ပါတယ်ဆိုတာ
ကျနော်မြင်နေရတယ်
သူ့မျက်နှာကိုကြည့်နေရင်းနှစ်ခု သုံးခုဖစ်လာတယ် ပုံခုံးနှစ်ဖတ်ကိုကိုင်ပြီး မင်းအဆင်ပြေလားလို့
ပြောလာတဲ့ သူ့အမေးကို ပြန်ဖြေဖို့ခွန်အားမရှိတော့ တဖြေးဖြေးအမှောင်ကျလာကာ လောကကြီးနဲ့ခဏအဆက်သွယ်ပြတ်သွားခဲ့တယ်
........….........❤️❤️❤️❤️❤️
💚💚💚💚💚နည်းနည်းပေါ့သွားလားမသိဘူးဗျ အများကြီးကြိုးစားနေတာမို့ စောင့်ဖတ်ပေးကြပါနော်
YOU ARE READING
အဆုံးအစမရှိလေသော
Fanfictionဒီficလေးကို ဖန်တီးမှုတခုအနေနဲ့သာသဘောထားပြီးဖတ်ပေးကြပါနော်