အခန်းထဲကိုလှမ်းကြည့်လိုက်တော့
ကျမ်းချန်နဲ့ ဟာသတွေကြားပြံုးစိစိနေတဲ့
ကောင်လေး ထိုကောင်ေလေးကပြုံးလိုက်ရင်
တော်တော်ချစ်စရာကောင်းတာပဲ ဒီကောင်လေး
အမြဲပြုံးနေအောင် လုပ်ပေးတော့မယ်လို့ပဲ ကျနော် တွေးလိုက်ကာ"အဟမ်း...ဘာတွေများ အဲ့လောက်သဘောကျနေတာလဲ ...အမြဲအဲ့လိုနေပါ အပြုံးတွေက မင်းနဲ့ပိုလိုက်တယ်"
ကျန်းချန်မှ..
"အေး မင်းကျောင်းတုန်းက ချော်လဲပီး ဆရာ့ဘောင်းဘီ ဆွဲချွတ်မိလို့ ဆရာကရှက်ရှက်နဲ့မင်းကိုတနေကုန်အပြစ်ပေးထားတဲ့အကြောင်းပြောပြနေတာ "
"အောဟော် လက်စသက်တော့ မင်းကငါ့အရှက်ကိုခွဲနေတာပဲ" မျက်နှာကြီးရဲကား ရှက်ပြုံးပြုံးလျှက်
"ရိပေါ် နေရတာကောင်းရဲ့လား မူးနေသေးလား ..
ဒီနေ့ကစပြီး ငါမင်းနဲ့ထမင်းအတူလာစားပေးမယ်
ပြီးတော့ငါကိုယ်တိုင်ပဲမင်းကိုဆေးတိုက်မယ် "
ဆေးတိုက်မယ်ပြောလိုက်တာနဲ့ မျက်နှာလေးငယ်ကာ ခေါင်းလေးငုံ့သွားတဲ့ကောင်လေးရယ်ပါ"ရိပေါ်က ဆေးကြောက်တက်တယ်တဲ့ကွ "
ကျန်းချန်မှဝင်ပြောချင်းဖစ်သည် ထင်ပါတယ် အာ့ကြောင့် ဆေးဆိုတဲ့အသံကြားတာနဲ့ ငိုမဲ့မဲ့လေးဖစ်သွားတာ
" ဆေးသောက်မှ မင်းခံစားရတာတွေသက်သာမှာပေါ့ ကောင်လေးရဲ့ " ခေါင်းလေးကိုအသာပုတ်လိုက်တော့ မျော့ကြည့်လာတဲ့ မိက်နှာလေးက ဝမ်းနည်းမှုအပြည့်ပါဝင်နေတယ်
"ကျနော် ဆေးသောက်လဲ ကျနော့ရောဂါက နောက်ဆုံးဖစ်နေပြီလေ ပျောက်သွားမှာမှမဟုတ်တာ"
ခဏတိတ်စိတ်သွားပြီး..
"ပျောက်မသွားနိုင်ပေမဲ့ အခုထပ်ပိုကြာကြာတော့နေနိုင်တာပေါ့ မင်းခံစားနေတဲ့ဝေသနာ တချို့တစ်ဝက်လဲသက်သာတာပေါ့ "
..."စိတ်ချ မင်းသောက်ရတဲ့ဆေးတွေမခါးတော့အောင်လို့ ငါကတိုက်မှာမို့လို့ မင်းမကြောက်နဲ့နော်"ကျနော့ လက်ကိုအုတ်ကိုင်ကာ ခပ်ဖွဖွညှစ်ပြီး အားပေးနေတဲ့သူ ဘာကြောင့်ရယ်မသိ ဆေးတွေမှန်မှန်သောက်ဖို့ကတိပေးပြီး မိလိုက်တယ်
ကျန်းချန်ကတော့ အကြောင်းရင်းမရှိနဲ့ပြုံးစိစိလုပ်ပြီး အခန်းထဲကထွက်သွားတယ် စိတ်ထဲမှာတော့ ဒီကောင်ရူးနေလားပေါ့.......
###################
❤️❤️❤️❤️❤️
💚💚💚💚💚
အားလုံးပဲအစစအရာရာဂရုစိုက်ကြပါနော်
စိတ်ပူလို့ပါ
YOU ARE READING
အဆုံးအစမရှိလေသော
Fanfictionဒီficလေးကို ဖန်တီးမှုတခုအနေနဲ့သာသဘောထားပြီးဖတ်ပေးကြပါနော်