နေ့တနေ့မှာ ညဆိုတာလဲမပါမဖစ်ဆိုပေမဲ့
ကျနော့အတွက်တော့ ဒီအချိန်လေး..
အခုအချိန်လေးကို ရပ်ထားလို့ရရင်
ရပ်ထားချင်မိတယ်။ ကျနော်စိုးရိမ်ခဲ့ရတဲ့အချိန်
ကျနော်ကြောက်ရွန့်ခဲ့ရတဲ့အချိန် အခုချိန်လည်ပတ်နေတဲ့ နာရီလက်တံတွေလဲ ကျနော် မုန်းမိတယ်
ဒီနေ့မှ မိုးချုပ်တာမြန်တယ်လို့လဲထင်မိတော့ လောကကြီးခင်ဗျားမတရားဘူးလို့ ခပ်တိုးတိုးရေရွတ်တယ် .…...###############
တောင်ကုန်းထိပ်ကလေးက သစ်ပင်ကြီးရဲ့အောက်မှာတော့ နာကျင်နေတဲ့ ရင်ကိုဖိလို့ မငိုမိအောင်ထားနေတဲ့ကောင်လေးရယ် အဲ့ကောင်လေးရဲ့ပုခုံးကိုမှီကာ အသက်ကိုဖွဖွသာရူနိုင်တော့တဲ့ အခုထိတောင်ချစ်စရာကောင်းနေတုန်းဖစ်တဲ့ကောင်ငယ်လေးရယ်ဟာ ကြယ်တွေကိုကြည့်ဖို့ ထိုင်နေကြတယ်
"ကျန့် ကော!!!
"ဟင် ကောင်လေးပြောလေ "
" ကျနော် ...ကျနော် ကျန့်ကောကိုချစ်တယ် ""အင်း ..ကိုယ်သိတယ် စကားတွေအများကြီးမပြောနဲ့နော် မောနေမယ် "
"ဟင့် အင်း "
"ကောကိုချစ်တယ်ဆို ကောကိုထားမသွားရဘူးနော် " အဖြေကိုသိနေသည့်ထိတိုင် ကျနော် လက်ခံဖို့ဝန်လေးနေတုန်း ပင်လယ်ပြင်ကြီးရှိေနသည်ထိ
ကမ္ဘာကြီးလည်ပတ်နေသ၍ ငှက်ကလေးတွေ တေးဆိုနေသ၍ အဆုံးမရှိတဲ့ချစ်ချင်းမျိုးနဲ့ချစ်ခဲဘရတဲ့ကောင်လေးမို့ လက်လွှတ်လိုက်ဖို့ ငြင်းဆန်နေမိတုန်း ဘယ်ချိန်ကစချစ်မိမဇန်းမသိပေမဲ့ ဘယ်သောအခါမှ ကုန်ဆုံးသွားမဲ့အချစ်မဟုတ်တာတော့ ဒီကောင်လေးကို သိစေချင်ပါရဲ့ ။အဖြူရောင် ဆွယ်တာအကျီလေးနဲ့ အညိုရောင်ဆွယ်တာဦးထုတ်လေးကိုဆောင်းထားတဲ့ ကောင်လေးက ဒီနေ့ကြမှ အရင်နေ့တွေထပ်ပိုပြံုးပြလို့နေပြန်တယ်"ကျန့်ကော ဒီစာလေးကိုယူထားနော် ကျနော် အိပ်ပျော်သွားမှ ဖတ်ရမယ် "
"ဟင့်အင်း ဟင့်အင်း ရိပေါ် မအိပ်လိုက်ပါနဲ့ကွာ
ရိပေါ်လက်မလျှော့လိုက်ပါနဲ့နော် ကို့ကိုချစ်တယ်ဆို " ဒီတခါတော့ ကိုယ်မျက်ရည်ကျပရစေကောင်လေးရယ်
"ကျနော် ဒီနေရာလေးကို အရမ်းသဘောကျတယ် ဒီနေရာလေးကနေ ကြယ်လေးတွေအများကြီးကို ကျနော်အမြဲတမ်းကြည့်ချင်မိတယ်"
" ကောင်လေးမျက်နှာလေးကို
လက်နှစ်ဖတ်နဲ့အုတ်ကိုင်ပီး
နှဖူးလေးကိုနမ်းလိုကိတော့ ပြုံးသွားတဲ့ကောင်လေး
မင်းကအခုချိန်ထိ ပြည့်စုံနေတုန်းပါပဲကွာတခါတလေ လူတွေကသိပ်ထူးဆန်းတယ်
လက်လွှတ်ရမှာသိနေတာတောင်
တွဲလက်တွေကမြဲချင်နေတာမျိုးစကားသံတွေဟာတိပ်ဆိတ်သွားခဲ့တယ်
ကောင်လေးကတော့ ကျနော့ပုခုံးပေါ်
ခေါင်းလေးမှီလို့ အိပ်စက်ချင်းစီသို့
တနည်းပြောရရင် ဘယ်အခါမှ မနိုးတော့မဲ့
အိပ်စက်ချင်းစီသို့ ......
ဘေးမှာမိနစ်ပိုင်းမျှသာ
ချစ်သူဖစ်ခဲ့ရတဲ့ကောင်လေးတစ်ယောက်ကတော့
လက်ထဲက ဖွင့်ဖတ်ပြီးသား စာလေးတစ်စောင်ကိုကိုင်ကာ ကောင်းကင်သို့မော့ကြည့်ပြီး မျက်ရည်တွေကြားကနေ အပြုံးလှလှလေးတစ်ခု
ဆင်မြန်းလျှက်ငိုရလွန်းလို့ ထုံကျင်နေတဲ့ ရင်အစုံကို လက်နဲ့ဖိကာ
ကျန်လက်တစ်ဖက်ကတော့ ကောင်လေးကိုပွေ့ဖတ်ကာ အနားက စာရွက်ကလေးကတော့ မျက်ရည်စက်တချို့ကြောင့် မှင်လေးများပင်
အရောင်ပြယ်လို့.............
။။။။❤️❤️❤️❤️❤️
💚💚💚💚💚
ဇာတ်လမ်းကပြီးချင်နေပြီ လူကအတွေးများနေတာနဲ့ ဘာမှမစဉ်းစားနိုင်ဘူး ဖစ်နေလို့ပါ
နောက်တစ်ပိုင်းဆိုရင် finalရောက်ပါပြီနော်Wb night မှာ gē gē က အပျစ်မစကပ်ကိုကူမပေးတဲ့ ပုံတွေကြောင့် အဲ့ကောင်မကိုသတ်ချင်နေပါတယ်နော် 😠😠
YOU ARE READING
အဆုံးအစမရှိလေသော
Fanfictionဒီficလေးကို ဖန်တီးမှုတခုအနေနဲ့သာသဘောထားပြီးဖတ်ပေးကြပါနော်