Part-4

501 45 2
                                    

Unicode-

Datongအင်ပါယာ နန်းတွင်းညီလာခံ.....

ရာဇပလ္လင်ထက်၌ထိုင်နေသည့် ဧကရာဇ်Jing Zong။နတ်ဘုရားတစ်ပါးပမာထည်ဝါလှသည့် ကိုယ်ရောင်ကိုယ်ဝါများဖြင့် တင့်တယ်လှသည့် လူသားတို့၏အရှင်သခင်။နတ်ဘုရားကဲ့သို့အဆင်းအင်္ဂါရပ်များနှင့်ပြည့်စုံလွန်းသည့် ဧကရာဇ်သည် သူ၏အမတ်များအား စူးရှသည့် မျက်ဝန်းအစုံဖြင့်ဆိတ်ငြိမ်စွာကြည့်နေသည်။

ရာထူးရာခံကြီးမားသည့် အမတ်များ၊စစ်သေနာပတိများနှင့်မှူးမတ်များစွာကလည်းတိတ်ဆိတ်ငြိမ်သက်လျက် ဧကရာဇ်နှုတ်ဖျားမှထွက်ကျလာမည့် အမိန့်တော်အား နားစွင့်နေကြသည်။

“မနက်ဖြန်နံနက်စောစော Chengပြည်က ချစ်ကြည်ရေးသံတမံ‌တွေနဲ့အတူမင်းသမီးQing Xianလည်းရောက်လာလိမ့်မယ်၊
ဆိုင်ရာဌာနက ကိုယ့်တာဝန်အသီးသီးကျေပွန်အောင်‌ဆောင်ရွက်ကြ”

“အမိန့်တော်မြတ်အတိုင်းပါအရှင်မင်းကြီး”

“ညီလာခံသိမ်းမယ်”

အမတ်တွေရဲ့နောက်ဆက်တွဲလျှာက်တင်ချက်အား မကြားလိုသည့်အတွက်Jingသည်ရာဇပလ္လင်‌မှ လျင်မြန်ဖြတ်လတ်စွာ ထွက်ခွါလိုက်သည်။

ညီလာခံခန်းမထဲမှ တဖွဲဖွဲထွက်လာကြသည့် အမတ်များသည်လည်း အချင်းချင်း စကားများတီးတိုးပြောဆိုကာ ဆိုင်ရာဌာနသို့ထွက်သွားကြလေသည်။

Jingသည်ကားဧကရာဇ်တို့၏ထုံးစံအတိုင်း မိန်းမလှတစ်ဦးအား မလွှဲမရှောင်သာစွာနဲ့လက်ဆက်ထိမ်းမြားရပေဦးမည်။နက်ဖြန်ရောက်လာမည့်သတို့သမီးအား Jingအနည်းငယ်မျှပင်စိတ်ဝင်စားမှုမရှိပေ။Jingရဲ့ စိတ်နှလုံးထဲဝယ် LuCangဆိုသည့် ဓားမြဆိုးလေးကသာ အစဉ်ထာဝရ ရစ်နှောင်ရပ်တည်နေခဲ့သည်သာ။

ရောက်ရှိလာမည့် မင်းသမီးQing Xianသည် Chengပြည်၏ ရတနာတစ်ပါးဖြစ်ပေသည်။အစ်ကိုတော်များကသာမက Chengပြည်သူများကပါ ဝိုင်းဝန်းအချစ်ပိုကြသည့် နတ်မိမယ်မိန်းမလှလေးတစ်ယောက်လည်းဖြစ်သည်။

ယခင်Chengမင်းကြီးကDatongအင်ပါယာရဲ့လက်အောက်ခံအဖြစ်နေခဲ့သော်လည်း ယခုလက်ရှိChengဘုရင်နန်းတက်သည့် အချိန်မှစ၍ Datongကို ပုန်ကန်ခြင်းစတင်ခဲ့သည်။ Chengပြည်သည် Datongထက်‌သေးငယ်လှ‌သည့်နိုင်ငံဖြစ်သော်လည်းDatongကအပြီးသတ်ချေမှုန်းနိုင်ခဲ့ခြင်းမရှိပေ။ Cheng ဘုရင်သည် အသက်ငယ်သော်လည်း ဉာဏ်ပညာအ‌မျှော်မြင်ကြီးသည့် ဘုရင်တစ်ပါးဖြစ်သည်။မွေးချင်းမောင်နှမငါးယောက်ရှိသော်ငြားလည်း အများသူငါလို အာဏာလုခြင်းအလျဉ်းမရှိကြပေ။

Hua Hua You Long-Fanfiction MyanmarWhere stories live. Discover now