Part-14

1.2K 58 25
                                    

Unicode-

အေးစက်မှောင်မဲနေသည့် အခန်းကျဉ်းထဲ၌ သူမ၏နာကျင်စွာအော်ညည်းနေသည့်အသံက တစ္ဆေတစ်ကောင်ရဲ့အသံအလား။

နာကျင်မှုက အရိုးခိုက်လောက်သည်အထိ။

အော်ရလွန်းလို့လည်း သူမအသံတွေတောင်မထွက်နိုင်တော့သည်အထိဖြစ်နေခဲ့ပြီ။

အချိန်တစ်ခုကြာပြီးတဲ့နောက်မှာတော့သူမ၏ အော်သံတွေက တိုးလျသွားခဲ့သည်။

သူမဆက်ပြီး မအော်နိုင်တော့လောက်အောင် အင်အားတွေကဆုတ်ယုတ်လာခဲ့သည်။

“‌တော်လောက်ပြီMin An၊ထားလိုက်တော့ ဒီအတိုင်းဆို သူမ‌သေသွားလိမ့်မယ်”

သူမအားနှိပ်စက်နေသည့် လူနှစ်ယောက်ထဲမှ တစ်ယောက်က သတိပေးလိုက်သည်။

“ဒီလောက်လေးနဲ့တော့ သူမ မသေနိုင်ဘူး၊သူမ မိဖုရားဖြစ်ခဲ့တဲ့အချိန်တုန်းက ငါတို့ကို ဘယ်လောက်ထိနှိပ်စက်ခဲ့လဲဆိုတာမင်းလည်းအသိပဲ၊ချမ်းအေးလွန်းတဲ့ ရာသီမှာတောင် ဘာမဟုတ်တဲ့အပြစ်သေးသေးလေးအတွက်နဲ့ ငါတို့ကို နှင်းတောထဲမှာ ဒဏ်ခတ်ထားတာလေ၊ငါတို့ဝတ်စုံတွေကိုချွတ်ခိုင်းထားပြီး လာသမျှလူတွေက ငါတို့ကို လှောင်ပြောင်သွားကြတာ မင်းမမှတ်မိဘူးလို့မပြောနဲ့”

သတိပေးခံရသည့်Min Anဆိုသူက သူမအား မုန်းတီးမှုများစွာ ပါဝင်သည့် မျက်လုံးများဖြင့် စိုက်ကြည့်လျှက် ခါးသီးစွာငြင်းဆန်လေသည်။

“ငါမှတ်မိပါတယ်”

Qiu Minကပြန်ပြောလိုက်သည်။

“မှတ်မိတယ်ဆိုရင် ဘာကြောင့် ငါ့ကိုတားဆီးနေရတာလဲ၊ငါနဲ့အတူပျော်ပျော်ရွှင်ရွှင် လိုက်လုပ်ပါလား၊ငါတို့ရဲ့အမုန်းတရားကိုဖြေဖျောက်လို့ရပြီလေ၊
နောက်ပြီး ငါမှတ်မိနေသေးတယ်၊အဲ့ဒီအချိန်တုန်းက ငါတို့ကိုနှိပ်စက်တဲ့လူတွေထဲမှာ သူမရဲ့သားလည်းပါသေးတယ်”

“မင်းသားလေးYuan Zhi!”

“ဟုတ်တယ် မင်းသားYuan Zhi ၊ ငါတို့ကို နှင်းလုံးတွေနဲ့ ပစ်ပေါက်ပြီး သူ့အစေခံတွေနဲ့အတူ ဟားတိုက်ရယ်ခဲ့တယ်၊ငါစဉ်းစားမိတယ် ငါတို့ရဲ့ အပြစ်အတွက် ဒီလောက်ထိအပြစ်ပေးဖို့မလိုဘူးလို့၊သူမရဲ့ လက်ဖမိုးပေါ်ရေဖိတ်စင်တာလေးက ဒီလောက်ထိ အပြစ်မပေးသင့်ဘူးလို့၊နောက်ပြီးအဲ့ဒီရေက ပူနေတာလည်းမဟုတ်ဘူးလေ”

You've reached the end of published parts.

⏰ Last updated: Mar 11, 2021 ⏰

Add this story to your Library to get notified about new parts!

Hua Hua You Long-Fanfiction MyanmarWhere stories live. Discover now