Unicode-
နန်းရင်ပြင်ထက်၌ စုဝေး တန်းစီနေကြသည့်Datongရဲ့ ထောင်သောင်းများစွာသော ရဲမက်များကိုဧကရာဇ်Jing Zongကစူးရှတောက်ပပြီး အားမာန်ပြည့်ဝတဲ့အကြည့်များနဲ့ကြည့်ကာ စစ်သွေးကြွစေတဲ့စကားအနည်းငယ်ကိုပြောနေခဲ့သည်။
Jing အားအကိုးရဆုံးလူများဖြစ်သည့် စစ်သူကြီးMu Yueနှင့်တပ်မှူးDing Pengတို့သည်လည်းသူ့ရဲ့နံဘေး တစ်ဖက်တစ်ချပ်စီမှာ ရပ်နေကြသည်။
Lucangကေတာ့နန်းတော်ရဲ့ မြင့်မားတဲ့အဆောက်အဦးတစ်ခုပေါ်မှာရပ်ပြီး စစ်ချီထွက်ရန်ပြင်ဆင်နေကြသည့် စစ်တပ်ကြီးကိုရပ်ကြည့်နေသည်။
တကယ်တမ်းLucangကြည့်နေသည်က ငွေရောင်သံချပ်ကာကိုဝတ်ဆင်ထားပြီး နတ်ဘုရားတစ်ပါးလို ကိုယ်ရောင်ကိုယ်ဝါတောက်ပလွန်းသည့် ချစ်ရသူဧကရာဇ်Jingကိုပင်ဖြစ်သည်။
Jingရဲ့နံဘေးမှာ ကိုယ်စီရပ်နေကြသည့်စစ်သူကြီးMu Yueနှင့်တပ်မှူးDing Pengကိုမြင်ရလေသည့်အခါမှ Lucangစိုးရိမ်စိတ်တို့အနည်းငယ်လျော့ပါးသွားခဲ့သည်။
နန်းတော်ဂိတ်ဝကနေတဖြည်းဖြည်းထွက်ခွါသွားသည့် စစ်တပ်ကြီးကိုကြည့်ရင်း Lucangရင်ထဲ ဘာကြောင့်မှန်းမသိအနည်းငယ်မျှသောဝမ်းနည်းစိတ်တို့ဖြစ်ပေါ်လာခဲ့သည်။
Jingစစ်တိုက်ထွက်သည်က ပထမဆုံးအကြိမ်လည်းမဟုတ်ရပါပဲနှင့် ဘာကြောင့်ဝမ်းနည်းနေမိမှန်းလည်း မိမိကိုယ်ကို မသိတော့ချေ။
Jingစစ်တိုက်ထွက်တိုင်းလည်း မိမိသည်ဘယ်သောအခါမျှစစ်မြေပြင်သို့မလိုက်ခဲ့ရပေ။Jingရဲ့ 'မင်းထိခိုက်မှာကိုမလိုလားဘူး'ဆိုသည့် စကားဖြင့်သာ နန်းတော်ထဲ၌ ကျန်ရစ်ခဲ့ရသည်။
Jingတို့နဲ့ မလှမ်းမကမ်းအကွာအဝေးကနေ လိုက်ပါသွားသည့် ဆေးဆရာလေးXiao Yiကိုမြင်ရသည့်အခါ Lucang စိတ်ထဲ အနည်းငယ်မွန်းကြပ်သွားခဲ့သည်။
ထိုလူငယ်လေးသည် အရင်တုန်းကလို ရိုးသားဖြူစင်သည့်လူငယ်လေးမဟုတ်တော့သည်ကို Lucangသိသွားခဲ့ပြီ။
ဘယ်အချိန်ကစလို့ မရိုးသားတော့မှန်းမသိပေမယ့် ထိုလူငယ်လေးရဲ့ Lucangအပေါ် အမြင်စောင်းသည့် အပြောအဆို၊လုပ်ရပ်များက Jingဆိုသည့် နတ်ဘုရားကြောင့်သာပင်။
YOU ARE READING
Hua Hua You Long-Fanfiction Myanmar
Fanfictionကျင်းရဲ့ရွေးချယ်မှု။က်င္းရဲ့ေရြးခ်ယ္မႈ Jing&LuCang My first fiction 🚨Not Translation🚨 အရင်ကောင့်က ဝင်မရတော့တာကြောင့် ဆက်တင်ပေးလို့မရတော့ပါဘူး။ ဒါကြောင့်ဒီအကောင့်မှာပဲ ဆက်တင်ပေးသွားပါမယ်။ ကျွန်တော့်ရဲ့ပျက်ကွက်မှုအတွက်readerတွေကို တကယ်ပဲအနူးညွတ်တော...